Connect with us

Hi, what are you looking for?

သတင်း

၈ ထပ်ရေတံခွန်မှာ ပြုတ်ကျ ပျောက်ဆုံးနေတဲ့ အမေရိကန်နိုင်ငံသူရဲ့ရုပ်အလောင်းပြန်တွေ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာ ပြုတ်ကျပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦးအနက် အမေရိကန်နိုင်ငံသူရဲ့ ရုပ်အလောင်းကိုဒီနေ့ (စက်တင်ဘာလ ၃၀ ရက် )မှာပြန်တွေ့ပြီလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) တိုင်းက ထုတ်ပြန်လာပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)

စက်တင်ဘာ – ၃၀ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာ ပြုတ်ကျပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦးအနက် အမေရိကန်နိုင်ငံသူရဲ့ ရုပ်အလောင်းကိုဒီနေ့ (စက်တင်ဘာလ ၃၀ ရက် )မှာပြန်တွေ့ပြီလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) တိုင်းက ထုတ်ပြန်လာပါတယ်။

ဒီမနက် ၁၁ နာရီအချိန်က ရေတံခွန်ရဲ့ ၃ ထပ်အဆင့်မှာ ရှာတွေ့တာပါ။

ရှာတွေတဲ့ အမျိုးသမီးရုပ်အလောင်းဟာ အမေရိကန် နိုင်ငံသူဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိပြီလို့သိရပါတယ်။ ရုပ်အလောင်းကိုတော့ ပြင်ဦးလွင် ဆေးရုံဆီပို့ဆောင်ထားပါတယ်။

Public Service Announcement

Public Service Announcement

“အထက်မှာမိုးများနေတော့ ရေစီးသန်နေတယ် ၊ ကျန်တဲ့တစ်ဦးကိုထပ်ရှာနေပါတယ်”လို့ ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

ဒီမနက်မှာရုပ်အလောင်းရှာတွေ့တဲ့အမေရိကန် နိုင်ငံသူဟာကိုယ်ပိုင် ကျောင်းတစ်ခုက ဆရာမဖြစ်တယ်လို့သိရပါတယ်။ ကျန်ရှိနေတဲ့နောက်ထပ် အမျိုးသမီးကိုတော့ဆက်လက်ရှာဖွေနေဆဲပါ။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာမနေ့ (စက်တင် ဘာလ ၂၉ ရက်) နေ့ခင်းပိုင်း ၃ နာရီအချိန်ကတောင်ကျရေတရှိန်ထိုး ထိုးဆင်းကျလာတာကြောင့် ရေကစားနေသူတွေ ရေစီးနဲ့ မျောပါ ပြီးပြုတ်ကျခဲ့တာပါ။

ရေတံခွန်မှာလာရောက်ရေကစားတဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုက နိုင်ငံခြား သား ၊ ဆရာ ၊ ဆရာမတွေ ပါဝင်ပြီး အမျိုးသား ၊ အမျိုးသမီး ငါးဦး ရေစီးနဲ့မျောပါ ပြုတ်ကျသွားတာလို့ စေတနာမွန်လူမှုကူညီရေးအသင်း( အုန်းချော)က ထုတ်ပြန်ထားပါတယ်။

အဲဒီ ငါး ဦးမှာရှရှားနိုင်ငံသားအမျိုးသားဟာခြေထောက်ကျိုးသွားပေမယ့် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ကျန် တဲ့ လေးဦး ကတော့အမျိုးသမီးတွေဖြစ်ပြီး အခင်းဖြစ်တဲ့ နေ့မှာ အမျိုးသမီး နှစ်ဦးကို ရေတံခွန်ရဲ့ ၃ ဆင့်မှာ သေဆုံးလျှက် ပြန်တွေ့ရပြီးကျန် နှစ်ဦးကို ဒီနေ့မှာ ဆက်လက်ရှာဖွေခဲ့တာပါ။

၈ ထပ်ရေတံခွန်က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နဲ့ ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိပြီး မန္တလေးကဒေသခံအများစုသွားရောက်လည်ပတ်လေ့ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာ ပြုတ်ကျပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦး ကို ဒီနေ့ စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ ဆက်လက်ရှာဖွေနေတယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့စစ်တပ် မိုင်းမိပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ၅လောင်းတွေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က လမ်းဘေးတွေမှာ ၃ ရက်အတွင်း ရုပ်အလောင်း ၂ လောင်းကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။