Connect with us

Hi, what are you looking for?

သတင်း

မင်းလှမှာ စစ်ကောင်စီရဲ့ မဲစားရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တဲ့အပြင် ရွေးကောက်ပွဲလုပ်ခွင့်မရအောင် တားဆီးသွားမယ်လို့ PDF ပြော

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီမဲစာရင်းကို မီးရှို့နေစဉ်

အောက်တိုဘာ-၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆင်တဲကုန်းရွာ လူငယ်အားမာန်စာကြည့်တိုက်မှာ လာရောက်ကပ်ထားတဲ့ စစ်ကောင်စီမဲစာရင်းတွေကို အောက်တိုဘာ ၆ ရက် မနေ့ ည ၁၁ နာရီခွဲလောက်မှာ တပ်ရင်း ၃၈၀၂၊ တပ် ခွဲ၂ မှ ရဲဘော်တွေက သွားရောက်မီးရှို့ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“၅ ရက်၊ ၆ ရက်လောက်တော့ ရှိပြီ သူတို့လာကပ်ထားတာ။ အဲဒီမဲစာရင်းတွေကို အခုလိုရှင်းလင်းရတဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ စကစ ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ပါပဲ”လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာ အုပ်စုတွေမှာ စစ်ကောင်စီက ၎င်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဒီတပတ်အတွင်း မဲစာရင်းတွေလိုက်ကပ်နေပြီး ကျေးရွာအုပ်စုတော် တော်များများမှာလိုက်ကပ်ထားပြီးလို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အားကျိုးမာန်တက်လုပ်ကိုင်သူတွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို တပ်ရင်း ၃၈၀၂ အနေနဲ့လည်း အရင်ကတည်းက စာထုတ်ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

“ရွေးကောက်ပွဲနဲ့ပက်သက်လို့ကတော့ ကျွန်တော်တို့က မပျက်စီး ပျက်စီးအောင် ဖျက်မှာပါပဲ”လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောပါတယ်။

မင်းလှမှာ စစ်ကောင်စီရဲ့ မဲစားရင်းတွေကို PDF မီးရှို့ရှင်းလင်း အောက်တိုဘာ-၇၊ ၂၀၂၅။ ကျော်ဇော/People's…

Posted by People's Spring on Tuesday 7 October 2025

ရုပ်သံ-သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Facebook