Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ယာဉ်မတော်တဆမှုကို ကူညီရင်း သူနာပြုကျောင်းသူ ယာဉ်တိုက်ခံရပြီး သေဆုံး

ထိုင်းမှာ ဆိုးရွားတဲ့ ယာဉ်တိုက်မှု တစ်ခုကို အကူအညီပေးဖို့ ကြိုးစားရင်း သူနာပြု ကျောင်းသူတစ်ဦး ကိုယ်တိုင် ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ – ၃၀ ၊၂၀၂၅

ထိုင်းမှာ ဆိုးရွားတဲ့ ယာဉ်တိုက်မှု တစ်ခုကို အကူအညီပေးဖို့ ကြိုးစားရင်း သူနာပြု ကျောင်းသူတစ်ဦး ကိုယ်တိုင် ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့တုန်းက ပတ္တယားမြို့မှာရှိတဲ့ လမ်းမတစ်ခုမှာ ယာဉ် ငါး စီး ဆင့်တိုက်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အတွင်း စုစုပေါင်းသုံး ဦး သေဆုံးခဲ့ပြီး ငါး ဦး ဒဏ်ရာရခဲ့ပါတယ်။

မနက်အစောပိုင်းက ချွန်ဘူရီပြည်နယ်၊ ဆီရာချာ ခရိုင်ထဲက အမှတ် ၇ လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ပေါ်ပေါက်ခဲ့တာကြောင့် ရဲတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက အလျင်အမြန် သွားရောက်ခဲ့ပါ။

Public Service Announcement

Public Service Announcement

နောက်တော့ သေဆုံးသူ သုံး ဦးစာရင်းကို ထုတ်ပြန်ရာမှာ သူနာပြု ကျောင်းသူ ဂျီရာဝါဒီ တွန်သောင်ဒန်လည်း ပါဝင်နေခဲ့ပါတယ်။

သူဟာ ကနဦး ယာဉ်တိုက်မှုကို တွေ့ရှိတဲ့နောက် မောင်းလာတဲ့ကားကို ရပ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးဖို့ ပြေးသွားခဲ့ပါတယ်။

သူဟာ ကယ်ဆယ်ရေး အဖွဲ့တွေဆီ ဖုန်းဆက် အကြောင်းကြားခဲ့သလို လမ်းဘေးမှာ ရပ်ရင်း ယာဉ်တိုက်မှု ဖြစ်ထားတဲ့အကြောင်း တခြားယာဉ်တွေကို အချက်ပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အရှိန်နဲ့ မောင်းလာတဲ့ MG ဆီဒင် ကားတစ်စီးက ဂျီရာဝါဒီကို မမြင်ဘဲ တည့်တည့် ဝင်တိုက်မိပြီး သူပါ အသက်ပေးလိုက်ရတာ ဖြစ်ပါတယ်။

နောက်ပြီး ဂျီရာဝါဒီရဲ့ ခင်ပွန်းဖြစ်သူ ကယ်ဆယ်ရေးဝန်ထမ်း ဝမ်ချာလွမ် အန်ချူနီကလည်း MGကားနဲ့ တိုက်မိလို့ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုရဲ့ အစက Toyota Fortuner ကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာပါ။ နောက်တော့ Toyota Camry ကားတစ်စီးက Fortunerကို ဝင်တိုက်ပြီး လမ်းဘေးက အတားအဆီးကို တိုက်မိခဲ့ပါတယ်။

Camryရဲ့ ယာဉ်မောင်း အသက် ၄၀ အရွယ် ထိုင်းအမျိုးသားက သေဆုံးသူတွေ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ဂျီရာဝါဒီရဲ့ ခင်ပွန်းကို ချွန်ဘူရီ ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် တင်ထားရပြီး သွေးလိုအပ်ချက်ကြောင့် ဆေးရုံက သွေးအလှူခံထားပါတယ်။

ဂျီရာဝါဒီနဲ့ ဝမ်ချာလွမ်တို့ဟာ ဂျီရာဝါဒီရဲ့ မွေးနေ့ကို ကျင်းပဖို့ ခရီးအတူထွက်လာရာက ယာဉ်တိုက်မှုနဲ့ တိုးလို့ သွားကူညီရင်း ကိုယ်တိုင် ဒုက္ခရောက်ကုန်ကြတာ ဖြစ်ပါတယ်။

ရဲတွေကတော့ ဂျီရာဝါဒီရဲ့ ကြွင်းကျန် ရုပ်အလောင်းကို ဆီဆာကက်မှာရှိတဲ့ မိသားစု နေအိမ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး နာရေးကိစ္စ စီစဉ်နိုင်အောင် ကူညီပေးခဲ့ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကစလို့ ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။

သတင်း

ဘန်ကောက်မှာ တရုတ် ကျောင်းသူ တစ်ဦးကို ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို လူကုန်ကူး ပို့ဆောင်ဖို့ ကြံစည်မှုနဲ့ ထိုင်းနိုင်ငံသား ၄ ဦး အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စတိုးဆိုင် အလစ်သုတ်မှုအပြီး ထွက်ပြေးချိန် လိုက်ဖမ်းတဲ့ ရဲကိုပါ ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့ အမေရိကန် နိုင်ငံသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတချို့မှာ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားပြီး ဒေသခံတွေအတွက် အထိတ်တလန့် ဖြစ်စရာတွေ ကြုံတွေ့ခဲ့ပါတယ်။