Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားက နျူကလီးယား ရေငုပ်သင်္ဘော ပိုင်ဆိုင်လာရင် domino effectတွေ ရှိလာမယ်လို့ မြောက်ကိုရီးယား သတိပေး

နျူကလီးယား ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေး တောင်ကိုရီးယားရဲ့ အားထုတ်မှုက ဆင့်ကဲ အကျိုးသက်ရောက်မှု (domino effect)တွေ ရှိလာလိမ့်မယ်လို့ မြောက်ကိုရီးယားက သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

နျူကလီးယား ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေး တောင်ကိုရီးယားရဲ့ အားထုတ်မှုက ဆင့်ကဲ အကျိုးသက်ရောက်မှု (domino effect)တွေ ရှိလာလိမ့်မယ်လို့ မြောက်ကိုရီးယားက သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခရီးစဉ် အတောအတွင်း တောင်ကိုရီးယား အစိုးရဟာ အမေရိကန် အကူအညီနဲ့ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်နိုင်ရေး ကိစ္စကို အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ခဲ့ပါတယ်။

အမေရိကန် သမ္မတ အဆက်ဆက်ဟာ မဟာမိတ် တောင်ကိုရီးယားရဲ့ စစ်ရေးကဏ္ဍမှာ နျူကလီးယားစွမ်းရည် ဆက်စပ်မှု မရှိအောင် ထိန်းသိမ်း ကန့်သတ်ခဲ့ပေမယ့် ထရမ့်ကတော့ တောင်ကိုရီးယား ရေတပ်က ကာလရှည်ကြာ စောင့်မျှော်နေခဲ့ရတဲ့ ကိစ္စကို ဖြည့်ဆည်းပေးဖို့ မီးစိမ်းပြခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ရေတပ်အတွက် ပထမဆုံး နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေးကိစ္စ အမေရိကန်နဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အဲဒီ သဘောတူညီချက်အပေါ် အတိအလင်း ရှုတ်ချခဲ့ပြီး ဒေသတွင်းမှာ နျူကလီးယားဆိုင်ရာ domino effectတွေ ဖြစ်လာလိမ့်မယ်လို့ ခြိမ်းခြောက်သွားခဲ့ပါတယ်။

အခုသဘောတူညီချက်ကို အကြောင်းပြုပြီး အာရှ-ပစိဖိတ် ဒေသရဲ့ စစ်ရေးအခြေအနေတွေ တည်ငြိမ်မှု ကင်းမဲ့သွားနိုင်သလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထိန်းချုပ် ကန့်သတ်လို့ မရတော့တဲ့ထိ နျူကလီးယား စစ်ရေးနည်းပညာ ပျံ့နှံ့မှုတွေဆီ ဦးတည်သွားနိုင်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၁၈ ရက်နေ့မှာ ရေးသားထားခဲ့ပါတယ်။

တောင်ကိုရီးယားက နျူကလီးယား ရေငုပ်သင်္ဘောတွေ စတင်ပိုင်ဆိုင်လာပြီ ဆိုတာနဲ့ ဒေသတွင်းမှာ နျူကလီးယား domino effectတွေ စတင် သက်ရောက်လာပြီး အတောမသတ်နိုင်တဲ့ လက်နက်ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာမယ်လို့လည်း KCNAက သတိပေးထားပါတယ်။

တောင်ကိုရီးယားမှာ နျူကလီးယား လက်နက် တပ်ဆင်မထားဘဲ နျူကလီးယား စွမ်းအင်နဲ့ပဲ ခုတ်မောင်းမယ့် ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်လာမှာကို အပူတပြင်း ကန့်ကွက်နေတဲ့ မြောက်ကိုရီးယား ကိုယ်တိုင်ကတော့ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ လက်နက်တွေကို အသည်းအသန် စမ်းသပ်တီထွင်နေပါတယ်။ ပြီးတော့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခုအဖြစ် တရားဝင် ကြေညာထားပါတယ်။

တောင်ကိုရီးယား သမ္မတ လီက နှစ်နိုင်ငံ နယ်စပ် တင်းမာမှုတွေ ဖြစ်ပေါ်မလာအောင် တားဆီးရေး စစ်တပ်အချင်းချင်း ဆွေးနွေးလိုကြောင်း စကားကမ်းလှမ်းပြီး နောက်တစ်နေ့မှာ KCNAဆီက အခုလို သဘောထား အာဘော်မျိုးကို ဖော်ပြလာတာပါ။ တောင်ကိုရီးယားဟာ ၇ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နှစ်ဖက်စစ်တပ်တွေ ဆွေးနွေးဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားရဲ့ ပြေလည်လိုဟန် ချဉ်းကပ်မှုအပေါ် မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်