Connect with us

Hi, what are you looking for?

အတွေးအမြင်

စစ်ရှောင်တွေကြား ဘယ်လိုနှလုံးသားနဲ့များ မာရသွန်ပြေးခဲ့ကြပါသလဲ

ကျနော် ခပ်ငယ်ငယ်ကဖြစ်မယ်။ အမေနဲ့ ကျနော် ၁၄ လက်မ တီဗွီလေးနဲ့ မြန်မာဗွီဒီယိုဇာတ်ကားကြည့်နေတုန်း အဖေက တီဗွီရမုယူပြီး အသံကို တိုးပစ်လိုက်ပါတယ်။ အမေကော ကျနော်ကော အဖေများဘာပြောစရှိလို့လဲလို့ မော့ကြည့်မိတယ်။ အဖေက “ခေါင်းရင်းအိမ်မှာ နာရေးရှိတယ်လေ။ အသံအကျယ်ကြီး မဖွင့်ရဘူး”လို့ ပြောတယ်။

ဗြတ္တ/People’s Spring

ကျနော် ခပ်ငယ်ငယ်ကဖြစ်မယ်။ အမေနဲ့ ကျနော် ၁၄ လက်မ တီဗွီလေးနဲ့ မြန်မာဗွီဒီယိုဇာတ်ကားကြည့်နေတုန်း အဖေက တီဗွီရမုယူပြီး အသံကို တိုးပစ်လိုက်ပါတယ်။ အမေကော ကျနော်ကော အဖေများဘာပြောစရှိလို့လဲလို့ မော့ကြည့်မိတယ်။ အဖေက “ခေါင်းရင်းအိမ်မှာ နာရေးရှိတယ်လေ။ အသံအကျယ်ကြီး မဖွင့်ရဘူး”လို့ ပြောတယ်။

၁၄ လက်မ တီဗွီလေးက အသံအကျယ်ကြီးထွက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဖေက ကျနော်တို့ကို ခေါင်းရင်းအိမ်က နာရေးရက်မလည်မချင်း တီဗွီကို အသံကျယ်ကျယ်ဖွင့်ခွင့်မပေးတော့ဘူး။ သီချင်းလည်း ဖွင့်ခွင့်မပေးခဲ့ဘူး။ ရုပ်သံအစီအစဥ်တွေကိုလည်း ကြားရုံလောက်သာ ဖွင့်ခွင့်ပေးခဲ့တယ်။

အဖေ့ရဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ကိုယ့်အိမ်နီးနားချင်းမိသားစု နာရေးကြောင့် ပူဆွေးနေရချိန် သူတို့အပူကို ကိုယ်ချင်းစာတဲ့အနေနဲ့ တိတ်တိတ်ကလေး နေပေးလိုက်တာပါ။

Public Service Announcement

Public Service Announcement

ပုဂံ​ဒေသမှာ၂၀၂၅ မိုးရာသီမှာစစ်တပ်စစ်​ကြောင်း​တွေ​ကြောင့်ထွက်​ပြေး​ခဲ့ရတဲ့ ​ဒေသခံပြည်သူ​တွေ။ ဓါတ်ပုံ-ဒေသခံ

တနေ့က မြန်မာ့ရှေးဟောင်းအမွေအနှစ် ပုဂံယဥ်ကျေးမှုဒေသမှာ အားကစားပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ပါသတဲ့။ ခေါင်းစဥ်က “Bagan Marathon 2025″ပါတဲ့။ မာရသွန် အပြေးပြိုင်ပွဲတစ်ခုပါ။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေက အပြေးသမားတွေပုဂံမြေကိုပျော်ပျော်ပါးပါး ရောက်လာခဲ့ကြတယ်။ တန်ဖိုးကြီး အားကစားဝတ်စုံတွေနဲ့ တောက်ပနေတဲ့ လူအုပ်ကြီးဟာ ပုဂံမြေကို လှုပ်ခတ်သွားခဲ့တယ်။

ဒီနေရာမှာ ဖြတ်ပြောရရင် အားကစားလုပ်တာကို ကျနော်အားပေးပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာနေမှ လူ့ဘဝမှာ ကိုယ်အလိုရှိတဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာမို့ အားကစားဟာ လုပ်ကို လုပ်သင့်တဲ့အရာပါ။ အပြေးအားကစားဟာဆိုရင် ငွေကုန်ကြေးကျမရှိဘဲ ကျန်းမာရေးအတွက် ထိရောက်လှတာမို့ အကောင်းဆုံးသော အားကစားတစ်ခုပါ။

သို့ပေမဲ့လုပ်တဲ့နေရာကြည့်ပြီးစိတ်ထဲတော့မကောင်းလှပါ။

မကြာသောကာလကမှ ညောင်ဦးမြို့နယ်အတွင်းမှာတိုက်ပွဲတွေရှိခဲ့ပြီး ပြည်သူတွေထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ပုဂံကနေ ဧရာဝတီမြစ်တဖက်ကမ်းဘက် ကြည့်ပြန်ရင်လည်း မကွေး

တိုင်းကပခုက္ကူ၊မြိုင်၊ ကမ္မ၊ မြစ်ခြေတကြောလုံး တိုက်ပွဲတွေပြည့်လို့။ စစ်ရှောင်တွေပြေးကြလွှားကြနဲ့။ ပုဂံညောင်ဦးတဝိုက်က မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ချောက် စတဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေနဲ့ စစ်ရှောင်တွေ ဒုနဲ့ဒေး။

စစ်ရှောင်တွေ ပတ်လည်ဝိုင်းနေတဲ့ ပုဂံလိုဒေသမှာ ဝတ်ကောင်းစားလှတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မာရသွန်ပွဲ လာပြေးရလောက်အောင် စိတ်နှလုံးတွေ ကြံ့ခိုင်ကြပုံများ။

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတစ်ဝန်းမှာ နိုဝင်ဘာလအထိ့ အိမ်​တွေက​နေထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့သူ​ပေါင်း အနည်းဆုံး ၃ ဒသမ ၆ သန်းရှိတယ်လို့ UNOCHA ကထုတ်ပြန်ထားပါတယ် ။​ဒါ​ပေမယ့် ​မြေပြင်စာရင်းက လက်​တွေ့ကူညီ​နေသူ​တွေရဲ့ ​ပြောပြချက်အရ အခုထက်ပိုနိုင်ပါတယ်။အိမ်က​နေစွန့်ခွာထွက်​ပြေး​နေရသူအများစုဟာ အညာ​ဒေသ​တွေကဖြစ်ပါတယ်။

ဒါအပြင်ကုလသမဂ္ဂရဲ့ တွက်ချက်မှုအရ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်သူပိုများလာတာမှာ နိုဝင်ဘာလအထိစာရင်း​တွေအရ လူဦး​ရေ သန်း ၂၀ ​လောက်ကအကူအညီ​တွေလိုအပ်​နေတာပါ။ နိုင်ငံ့လူဦး​ရေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ကအကူအညီလိုအပ်​နေတာဖြစ်တာပါ ။ဒါ့အပြင်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းအခုအခါမြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ WFPကဖော်ပြပါတယ်။

နိုင်ငံ​ဒေသအများစုတိုက်ပွဲ​တွေဖြစ်ပွား​နေသလို ပြည်သူအများစု ငတ်မွတ်​နေတဲ့အ​ခြေအ​နေမှာ ဘယ်လိုလူ​တွေက စစ်အုပ်စု ​အကြံအစည်ဖြစမယ်တဲ့မြန်မာ့အသဲနှလုံး ပုဂံမှာ မာရသွန်ပွဲကို​ပျော်​ပျော်ကြီးဆင်နွှဲ​နေကြတယ်ဆိုတာ ကျွန်​တော်စဥ်းစားလို့မရပါဘူး။

စစ်ကောင်စီကတော့ သူတို့လုပ်မယ့်ရွေးကောက်ပွဲကလည်း နီးလာပြီမို့ ပြည်သူတွေ သာယာပျော်ရွှင်နေပါတယ်ဆိုတဲ့ ပုံရိပ်ကို သီတင်းကျွတ်ကာလကစလို့ အရှိန်မြှင့်လိုက်ပါတယ်။ ရန်ကုန်လိုမြို့ကြီးမှာ တစ်နှစ်တခါသာလုပ်ရမယ့်ဘုရားပွဲကို သုံးလေးကျော့ထပ်ခါထပ်ခါ လုပ်ခိုင်းပါတယ်။ ​တောင်ကြီးတန်​ဆောင်တိုင် မီးပုံပျံပွဲ​တော်ကိုလည်း လူများအောင် ပအိုဝ်တိုင်းရင်းသားရွာ​တွေကို ဖိအား​ပေးသွားခိုင်း ၊အနူပညာရှင်​တွေကို ​စေလွှတ်ပြီး ပွဲကိုလူသိများ​အောင် စစ်အုပ်စုကကြံစည်ခဲ့တာပါ။

မန္တလေး၊ တောင်ကြီး၊ မကွေး၊ မိတ္ထီလာတို့မှာလည်း အလားတူပါပဲ။ ပုဂံက မာရသွန်ကလည်း စစ်ကောင်စီရဲ့ အစီအမံတခုပါပဲ။

အိုးပစ်အိမ်ပစ်ပြီး စုတ်ပျက်နေတဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးနေကြရတဲ့ အညာက စစ်ရှောင်ပြည်သူတွေရဲ့ကြားမှာ မာရသွန်ပြေးပွဲကို အားကစားဝတ်စုံပြည့်နဲ့ ဘယ်လိုနှလုံးသားနဲ့များ ပြေးခဲ့ကြပါလိမ့်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။