Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စစ်တပ်က လူငယ်တွေဖမ်းဆီးပြီး ကျပ် ၁၀သိန်းနဲ့လာရွေးခိုင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ စစ်အုပ်စုက လူငယ်တွေကို ဖမ်းဆီးပြီး တစ်ဦးကို ကျပ် ၁၀သိန်းနဲ့ ပြန်ရွေးခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(မိတ္ထီလာမြို့အဝင်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီအုပ်စုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဒီဇင်ဘာ-၁၆၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ စစ်အုပ်စုက လူငယ်တွေကို ဖမ်းဆီးပြီး တစ်ဦးကို ကျပ် ၁၀သိန်းနဲ့ ပြန်ရွေးခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ဒုတိယပတ်အတွင်းက မလှိုင်မြို့ပေါ်မှာ လူငယ် ၇ ဦး စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံရပြီး တစ်ဦးကို ကျပ် ၁၀သိန်းပေးမှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၄ ရက်ညကလည်း မလှိုင်မြို့ပေါ် အမှတ် (၉)ရပ်ကွက်က လူငယ်တွေကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီး သိန်းတန်ဆိုက ဦးဆောင်ဖမ်းဆီးသွားကာ ငွေညှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ယခင်ရက်ပိုင်းကလည်း မလှိုင်နယ် မြောက်ဖက် ကျေးရွာတွေနဲ့ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနယ်များမှ ခရီးသွားလူငယ်တွေ အဖမ်းခံရပြီး ထောက်ပို့နဲ့ PDFလို့ အမည်တပ်ကာ ဖမ်းဆီးခံရတာတွေရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဖမ်းနေတာတော့ ၁၁လပိုင်း ကုန်ခါနီးကတည်းကပဲ။ ခရီးသွား ကားပေါ်ပါ ဆွဲချတာမျိုး တယောက်စ၊၂ယောက်စ ဖမ်းနေတော့ သိပ်မသိကြဘူး။”လ်ို့ ၎င်းက ပြောပါတယ်။

တောင်သာ၊ မြင်ခြံ၊ နွားထိုးကြီးမြို့နယ်တွေက ခရီးသွားပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့ လိုအပ်နေပြီး မလှိုင်မြို့နယ်အတွင်း ရှောင်ကွင်းသွားလာကြဖို့ လူထုသတင်းကွန်ယက်-မလှိုင်မြို့က သတိပေးထားပါတယ်။

မလှိုင်မြို့နယ်ဟာ မိတ္ထီလာခရိုင်အတွင်း တော်လှန်ရေးအားကောင်းတဲ့ဒေသတစ်ခုဖြစ်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။