Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရောဂါရှိသူနဲ့ ထိတွေ့မိလို့ ကုလသမဂ္ဂ အကြီးအကဲ Quarantine ဝင်နေ

လတ်တလောမှာ ဂူတာရက်စ်ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖြစ်တဲ့ စတီဖန် ဒူဂျာရစ်ကလည်း ဒီအကြောင်းကို မှတ်ချက်ပေးဖို့ ငြင်းဆန်သွားပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားနေသူ တစ်ဦးနဲ့ ထိတွေ့မှု ရှိခဲ့တဲ့နောက် ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ သီးသန့်ခွဲခြား နေထိုင်ပြီး Quarantine ဝင်နေကြောင်း သိရပါတယ်။

အသက် ၇၂ နှစ်အရွယ် ဂူတာရက်စ်ဟာ ဆေးစစ်ရလဒ် Positive ထွက်ခဲ့တဲ့ ကုလသမဂ္ဂ အမှုထမ်း တစ်ဦးနဲ့ ထိတွေ့မိခဲ့တာ ဖြစ်ပါတယ်။ သူဟာ နောက်ထပ် ရက်အတော်ကြာအောင် Quarantine ဝင်နေရမှာ ဖြစ်ပါတယ်။

မူလက ဂူတာရက်စ်ဟာ ကုလသမဂ္ဂ ပြန်ကြားရေး အဖွဲ့ရဲ့ နှစ်ပတ်လည် မိတ်ဆုံစားပွဲကို ဂုဏ်ထူးဆောင် ဧည့်သည်တော် အနေနဲ့ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ အခုတော့ မက်ဟမ်တန်မှာ ပြုလုပ်မယ့် အဲဒီပွဲကို မသွားဖြစ်တော့ကြောင်း ဂူတာရက်စ်ရဲ့ ရုံးအဖွဲ့က အတည်ပြုပါတယ်။

ဒါ့အပြင် နိုက်ဂျား သမ္မတ မိုဟာမက် ဘာဇွမ် ဦးဆောင်ပြီး ပြုလုပ်မယ့် ကုလသမဂ္ဂ လုံခြုံရေး ညီလာခံ ဆွေးနွေးပွဲနဲ့ပါ လွဲချော်မယ့် သဘော ရှိနေပါတယ်။ ဘာဇွမ်ဟာ လောလောဆယ် နယူးယောက်ကို ရောက်ရှိနေပြီး အဲဒီကနေတဆင့် ဝါရှင်တန်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာ ဂူတာရက်စ်ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖြစ်တဲ့ စတီဖန် ဒူဂျာရစ်ကလည်း ဒီအကြောင်းကို မှတ်ချက်ပေးဖို့ ငြင်းဆန်သွားပါတယ်။

မကြာသေးခင်ကတော့ ဒူဂျာရစ်က ဂူတာရက်စ်ဟာ ကာကွယ်ဆေး တတိယမြောက်တစ်လုံးကို Boosterအဖြစ် ထိုးနှံထားပြီးကြောင်း ထုတ်ပြန်ထားပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး တစ်လုံးတောင် မထိုးရသေးတဲ့သူ သန်းပေါင်းများစွာ ရှိနေသေးတာကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ တတိယတစ်လုံး ဆေးထိုးခံဖို့ အချိန် အကြာကြီး ချီတုံချတုံ စဉ်းစားနေခဲ့တယ်လို့လည်း ဒူဂျာရစ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ (dementia)ရဲ့ အစောပိုင်း လက္ခဏာတွေ စတင် ခံစားနေရတယ်လို့ ယူဆရကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။