Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ်လေယာဉ်တင် သင်္ဘောနား ချဉ်းကပ်ခဲ့တဲ့ ဒရုန်းကို ရုရှားစေလွှတ်ခဲ့တာလို့ဆို

ပြင်သစ် လေယာဉ်တင် သင်္ဘောနားမှာ ကြားဖြတ် ဟန့်တားခဲ့ရတဲ့ ဒရုန်းကို ရုရှားက စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ ဆွီဒင် စစ်တပ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - EPA

ပြင်သစ် လေယာဉ်တင် သင်္ဘောနားမှာ ကြားဖြတ် ဟန့်တားခဲ့ရတဲ့ ဒရုန်းကို ရုရှားက စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ ဆွီဒင် စစ်တပ်က ပြောကြားခဲ့ပါတယ်။

ပြင်သစ် ရေတပ်ရဲ့ Charles De Gaulle လေယာဉ်တင် သင်္ဘောကြီးဟာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ခုမှာ ပါဝင်ဖို့အတွက် ဆွီဒင်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့တုန်းက မယ်လ်မို ဆိပ်ကမ်းမှာ ရှိနေတဲ့ သင်္ဘောကြီးနဲ့ ၁၃ ကီလိုမီတာလောက် အကွာအထိ ချဉ်းကပ်ပျံသန်းလာတဲ့ ဒရုန်းတစ်စီးကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ပြင်သစ် စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပိုင်း စုံစမ်းမှုတွေအရ အဲဒီဒရုန်းကို အနီးအနား ရေပြင်မှာ ရှိနေတဲ့ ရုရှား သူလျှိုသင်္ဘော တစ်စီးက လွှတ်တင်ခဲ့တာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆွီဒင် စစ်တပ်က ပြောပါတယ်။ ပြီးတော့ ဆွီဒင်ရေတပ် သင်္ဘော တစ်စီးဟာ ဒရုန်းကို ဆက်သွယ် ထိန်းချုပ်နေတဲ့ ရေဒီယိုလှိုင်းတွေကို ကြားဖြတ် နှောင့်ယှက်မှု (jamming) နည်းလမ်းနဲ့ တုံ့ပြန် ဟန့်တားခဲ့ကြောင်းလည်း သိရပါတယ်။

ရုရှား စပိုင်သင်္ဘော Zhigulevskက အဲဒီ ဒရုန်းကို စေလွှတ်ခဲ့တာဖြစ်ပြီး ဆွီဒင်ရေတပ်က လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့တယ်လို့ ဆွီဒင်စစ်တပ် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရကတော့ ဆွီဒင်ရဲ့ စွပ်စွဲချက်ဟာ မဟုတ်မမှန်တွေလို့ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၇ ရက်နေ့က လေယာဉ်တင် သင်္ဘောကြီးဆီ ရောက်လာတဲ့ ပြင်သစ် နိုင်ငံခြားရေးရေးဝန်ကြီး ဂျင်းနိုဝဲလ် ဘာရော့တ်က ဆွီဒင်ရဲ့ မြန်ဆန်ပြီး ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ချီးကျူး အသိအမှတ်ပြုကြောင်း ပြောကြားသွားပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်ရေးအရ အရေးကြီးတဲ့ စစ်ဌာနချုပ်တွေ၊ လေဆိပ်တွေနားမှာ အမျိုးအမည်မသိ ဒရုန်းတွေကို ထောက်လှမ်းတွေ့ရှိတဲ့ ဖြစ်စဉ်တွေကို ကြုံနေရပါတယ်။ ဒီဇင်ဘာလတုန်းကလည်း ပြင်သစ်နိုင်ငံ၊ ဘရက်စ်ပြည်နယ်ရဲ့ ဘာတွန်မြို့မှာရှိတဲ့ နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ထားရှိရာ ရေတပ်စခန်းနားမှာ ဒရုန်းတွေ ပျံသန်းနေခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီ ဒရုန်းတွေ့ရှိမှု ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ ရုရှား ပါဝင်ပတ်သက်နေတယ်လို့ NATO နိုင်ငံတွေက ယုံကြည်နေပါတယ်။

ပြင်သစ် ရေတပ်ရဲ့ Charles de Gaulle လေယာဉ်တင် သင်္ဘောကြီးမှာ ကိုယ်ပိုင် အခြံအရံ ရေတပ်သင်္ဘောတွေလည်း လိုက်ပါလာပြီး Rafale တိုက်လေယာဉ်တွေနဲ့ ကင်းထောက် တိုက်လေယာဉ်တွေကို တင်ဆောင်လာပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတစ်ခုကို ရောက်ရှိနေချိန်မှာတော့ ကာကွယ်ရေး အစီအမံတွေနဲ့ ပတ်သက်ရင် အိမ်ရှင်နိုင်ငံကိုပဲ ဦးစားပေး ကိုင်တွယ်စေလေ့ရှိကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။