Connect with us

Hi, what are you looking for?

သတင်း

ပုလဲမှာစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားသုံးဦး လက်နက်ယူလာပြီး အလင်း၀င်လာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသုံးဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းက လူထုနွေဦးကို ပြောပါတယ်။

(လက်နက်တွေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား သုံးဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)

မတ်-၉၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသုံးဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းက လူထုနွေဦးကို ပြောပါတယ်။

အဲဒီတပ်သားတွေဟာ ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာကနေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ မတ်လဆန်းပိုင်းက အလင်းဝင်လာတာလို့ ဆိုပါတယ်။

“၁ ရက်နေ့မှာ နှစ်ယောက်အလင်း၀င်တယ်။၅ ရက်နေ့မှာ တစ်ယောက်”လို့ ဗိုလ်စွမ်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားတွေအနေနဲ့ PDFရဲဘော်တွေ ဆီရောက်ခဲ့ရင် သတ်ခံရတယ်ဆိုတဲ့ စစ်တပ်ဝါဒ ဖြန့်တာက မဟုတ်မှန်ဘူးလို့လည်း သူက အသိပေးပါတယ်။

“စစ်တပ်စစ်ကြောင်းက ဆက်တိုက်ရှိနေသေးတယ်”လို့လည်း ပုလဲ မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စာ ပုလဲမြို့နယ်ထဲက အချက်အချာကြတဲ့ မင်းတိုင်ပင်နဲ့ ချင်ပြစ်ကျေးရွာတွေမှာ အထိုင်ချ တပ်စွဲ ဖို့ကြိုးစားနေတာလို့ သူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်မှာ ပုလဲမြို့နယ်က BNRA ခေါင်းဆောင် ဗိုလ်နဂါးနဲ့ နောက်လိုက်အချို့ စစ်တပ်ထံ အညံ့ခံခဲ့ပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျေးရွာတွေကို မီးရှို့တာတွေကြောင့် အရပ်သားတချို့သေဆုံးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။