Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်မှာ မီးလောင်မှုဖြစ်ပြီး ရေတပ်သားနှစ်ဦး ဒဏ်ရာရ

ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောကြီးပေါ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမေရိကန် ရေတပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောကြီးပေါ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမေရိကန် ရေတပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီးဖြစ်တဲ့ USS Gerald R. Fordပေါ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရေတပ်က မတ်လ ၁၂ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ Fordရဲ့ အဝတ်လျှော်စက်တွေ ထားရှိတဲ့ နေရာမှာ မီးစလောင်ခဲ့ကြောင်း၊ အဲဒီမီးကြောင့် သင်္ဘောရဲ့ အင်ဂျင်ပိုင်းနဲ့ တခြား အရေးကြီးတဲ့ စက်ယန္တရားတွေကို ထိခိုက်မှု မရှိခဲ့ကြောင်း ရေတပ်က ပြောပါတယ်။

Fordဟာ ပေ ၁၁၀၀ ကျော်ရှည်လျားပြီး တန်ချိန် ၁ သိန်းလောက် အလေးချိန်ရှိတာကြောင့် ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘော အနေနဲ့ မှတ်တမ်းဝင်ထားပါတယ်။ ၂၀၁၇ မှာ အမေရိကန် ရေတပ်အတွက် စတင် တာဝန်ထမ်းဆောင်တဲ့ ရေယာဉ်ကြီးဟာ နျူကလီးယား စွမ်းအင်သုံး တွန်းကန်စနစ်တွေနဲ့ ခုတ်မောင်းပါတယ်။ သင်္ဘောပေါ်မှာ ရဟတ်ယာဉ်နဲ့ လေယာဉ် အစီး ၈၀ လောက်ထိ တင်ဆောင်နိုင်စွမ်း ရှိပါတယ်။

သင်္ဘော မီးလောင်တဲ့ နေရာဟာ ပင်လယ်နီ ရေပြင်မှာ ဖြစ်ပါတယ်။ လောလောဆယ် အမေရိကန်ရေတပ်ဟာ အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်နေပေမယ့် လေယာဉ်တင်သင်္ဘော မီးလောင်မှုက စစ်ရေးအခြေအနေနဲ့ မပတ်သက်ဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

Fordဟာ ရာနှုန်းပြည့် ပုံမှန် အလုပ်လုပ်နေဆဲ ဖြစ်တယ်လို့လည်း ရေတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။ ပြီးတော့ ဒဏ်ရာရခဲ့တဲ့ ရေတပ်သား နှစ်ဦးဟာ အသက်အန္တရာယ် မစိုးရိမ်ရသလို ကုသမှုတွေ ခံယူပြီးတဲ့နောက် အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ဆိုပါတယ်။

Ford ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ်ဟာ ဇွန်လနှောင်းပိုင်းက ဗာဂျီးနီးယားကနေ စတင်ထွက်ခွာလာခဲ့ပါတယ်။ အခုအခါ အဲဒီလေယာဉ်တင် သင်္ဘောကြီးဟာ ပင်လယ်ပြင်မှာ စစ်ဆင်ရေးတာဝန်အတွက် လှည့်လည်သွားလာနေတာ ရက်ပေါင်း ၂၆၀ ကျော်ထိ ဆက်တိုက် ရှိလာခဲ့ပါပြီ။

အမေရိကန် ရေတပ်ရဲ့ စစ်ဆင်ရေးဆိုင်ရာ ဒုတိယ ကွပ်ကဲမှု အရာရှိ ဂျိမ်းစ်ကီလ်ဘီက Fordဟာ ပင်လယ်ပြင်မှာ စစ်ဆင်ရေး ဖြန့်ကျက်မှု အကြာဆုံး ၁၁ လ စံချိန်ကို ကျော်လွန်နိုင်မယ်လို့ ခန့်မှန်းကြောင်း မတ်လ ၄ ရက်နေ့တုန်းက ပြောကြားခဲ့ပါတယ်။

ရှည်ကြာလှတဲ့ စစ်ဆင်ရေး ကာလအတွင်း Fordပေါ်မှာ ပါရှိတဲ့ အိမ်သာ ၆၅၀ နီးပါးလောက်ဟာ လေဖိအားနဲ့ စုပ်ယူသန့်စင်မှု အပါအဝင် အညစ်အကြေး စီမံမှု စနစ်တွေ မကြာခဏ ချွတ်ယွင်းတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကိုးကား: Washington Post
ဓာတ်ပုံ – US Navy/File

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။