Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ ဒဏ်ရာရ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက် ၂၀၀ လောက်ထိ များပြားလာ

အီရန်စစ်ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၂၀၀ ဝန်းကျင် ရှိလာပြီလို့ အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - EPA

အီရန်စစ်ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၂၀၀ ဝန်းကျင် ရှိလာပြီလို့ အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ အမေရိကန် စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်မှာ ဆင်နွှဲနေတဲ့ Epic Fury စစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု ကိန်းဂဏန်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စစ်မှုထမ်း ၂၀၀ လောက်ဟာ စစ်ဆင်ရေးအတွင်း ဒဏ်ရာတွေ ရခဲ့ကြောင်း၊ ဒါပေမဲ့ အများစုက အသေးအမွှား ဒဏ်ရာလောက်သာဖြစ်ကြောင်း ဗိုလ်ကြီး တင်မ်ဟောကင်းစ်က ဆိုပါတယ်။ ဒဏ်ရာရ စာရင်းထဲက ၁၈၀ လောက်ဟာ အခုအခါ မူလတာဝန်တွေ ပြန်ထမ်းဆောင်နေပြီလို့ သူက Guardian သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ဘယ်လို အခြေအနေတွေမှာ ဒဏ်ရာတွေ ရခဲ့သလဲ၊ ဘယ်လို ဒဏ်ရာအမျိုးအစားတွေ ရခဲ့သလဲ ဆိုတာကိုတော့ သူက အသေးစိတ် မဖြေကြားခဲ့ပါဘူး။ ဒဏ်ရာရသူ ၂၀၀ လောက်ထဲမှာ ၁၀ ဦးလောက်ကတော့ အခြေအနေ ပြင်းထန်တယ်လို့ ဟောကင်းစ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၁၆ ရက်နေ့ထိ အခြေအနေအရ အီရန်စစ်ပွဲမှာ အမေရိကန် တပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးထိ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲက ၆ ဦးဟာ စစ်ပွဲ အစပိုင်းတုန်းက ကူဝိတ်မှာရှိတဲ့ စစ်စခန်း တစ်ခုကို အီရန်ဒရုန်း ထိမှန်ရာက အသက်ဆုံးရှုံးခဲ့တာဖြစ်ပြီး နောက်ထပ် ၆ ဦးက အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ ပျက်ကျခဲ့တဲ့ ဝေဟင်ဆီဖြည့် လေယာဉ်ရဲ့ အမှုထမ်းတွေ ဖြစ်ပါတယ်။ နောက်ထပ် ၁ ဦးကတော့ ဆော်ဒီအာရေးဘီးယားက လေတပ်စခန်း တစ်ခုမှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်ပါ။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အီရန်မှာ အရပ်သား အများအပြား အပါအဝင် ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်ကြီးက ပြောပါတယ်။ အစ္စရေးဟာ အီရန်စစ်ပွဲနဲ့ ဆက်စပ်ပြီး လက်ဘနွန် ပိုင်နက်ထဲမှာရှိတဲ့ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကိုလည်း တိုက်ခိုက်နေတာကြောင့် လက်ဘနွန်မှာလည်း အသေအပျောက် ရာဂဏန်း ရှိခဲ့ပါတယ်။ အစ္စရေးမှာတော့ သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသတ်မှု သံသယနဲ့ စစ်ဆေးခံနေရတဲ့ အမေရိကန် မရိန်းတပ်သား တစ်ဦးကို ဂျပန် အစိုးရ ရှေ့နေတွေက တရားဝင် စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အီရန်စစ်ပွဲအတွင်း လေယာဉ် အမျိုးမျိုး စုစုပေါင်း ၈၁ စီးထိ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Facebook