Connect with us

Hi, what are you looking for?

News

ရေမြုပ်မိုင်းထိ၍ စစ်​ကောင်စီတပ် ​ရေယာဥ် မဲဒင်ရွာအနီးမှာ နစ်မြုပ်​

အဆိုပါ တိုက်ခိုက်မှုကို KPDF-1 နှင့် ဒေသတွင်းညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် KLG PDF နှင့် DRPA အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကနီPDFက ဆိုသည်။

People's Spring
People's Spring

ရေမြုပ်မိုင်းခွဲ၍ တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဥ်တစ်စီးသည် မဲဒင်ရွာ ကျွန်းခုံအနီး၌ နစ်​မြုပ်နေကြောင်း ကနီPDFက ယနေ့(ဒီဇင်ဘာ ၁၃ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို KPDF-1 နှင့် ဒေသတွင်းညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် KLG PDF နှင့် DRPA အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကနီPDFက ဆိုသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီ၏ အထိအခိုက် သေဆုံးမှုကို ကနီ PDF မှ အတည်မပြုနိုင်သေးပေ။

ယမန်နေ့ကလည်း မင်းကင်းမြို့နယ်မှ ကနီမြို့နယ် ဆယ်ရွာချောင်းဘက်သို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီ နှင့် ပျူစောထီး ၁၀၀ ကျော်ပါ အုပ်စုကို တိုက်ခိုက်ခဲ့ရာ ၇၀ ထက်မနည်းသေဆုံးကြောင်း KLG PDF ( Kani)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ချမ်းသာစု​ကျေးရွာအနီး၌ KLG PDF မှ ထောင်ထားသော တိုက်မိုင်း ၆လုံးမိ၍ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၂၀ ခန့် ကျဆုံးနိုင်ကြောင်းလည်း KLG က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ