Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေမြုပ်မိုင်းထိ၍ စစ်​ကောင်စီတပ် ​ရေယာဥ် မဲဒင်ရွာအနီးမှာ နစ်မြုပ်​

အဆိုပါ တိုက်ခိုက်မှုကို KPDF-1 နှင့် ဒေသတွင်းညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် KLG PDF နှင့် DRPA အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကနီPDFက ဆိုသည်။

People's Spring
People's Spring

ရေမြုပ်မိုင်းခွဲ၍ တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဥ်တစ်စီးသည် မဲဒင်ရွာ ကျွန်းခုံအနီး၌ နစ်​မြုပ်နေကြောင်း ကနီPDFက ယနေ့(ဒီဇင်ဘာ ၁၃ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို KPDF-1 နှင့် ဒေသတွင်းညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် KLG PDF နှင့် DRPA အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကနီPDFက ဆိုသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီ၏ အထိအခိုက် သေဆုံးမှုကို ကနီ PDF မှ အတည်မပြုနိုင်သေးပေ။

ယမန်နေ့ကလည်း မင်းကင်းမြို့နယ်မှ ကနီမြို့နယ် ဆယ်ရွာချောင်းဘက်သို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီ နှင့် ပျူစောထီး ၁၀၀ ကျော်ပါ အုပ်စုကို တိုက်ခိုက်ခဲ့ရာ ၇၀ ထက်မနည်းသေဆုံးကြောင်း KLG PDF ( Kani)က ထုတ်ပြန်ထားသည်။

ထို့အပြင် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ချမ်းသာစု​ကျေးရွာအနီး၌ KLG PDF မှ ထောင်ထားသော တိုက်မိုင်း ၆လုံးမိ၍ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၂၀ ခန့် ကျဆုံးနိုင်ကြောင်းလည်း KLG က အသိပေးသည်။

Public Service Announcement

Public Service Announcement