Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်စျေးနှုန်း မြင့်တက်လာမှုကို တန်ပြန်ဖို့ အပတ်စဉ် အထူးလျှော့စျေး အစီအစဉ်ကို ထိုင်းအစိုးရ စတင်

ကုန်စျေးနှုန်းနဲ့ လူနေစရိတ်တွေ မြင့်တက်လာမှုကို တန်ပြန်တဲ့ အနေနဲ့ ကုန်စည်တွေကို အထူးလျှော့စျေးနဲ့ အပတ်စဉ် ရောင်းချပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မိတ်ဆက်ခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

ကုန်စျေးနှုန်းနဲ့ လူနေစရိတ်တွေ မြင့်တက်လာမှုကို တန်ပြန်တဲ့ အနေနဲ့ ကုန်စည်တွေကို အထူးလျှော့စျေးနဲ့ အပတ်စဉ် ရောင်းချပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မိတ်ဆက်ခဲ့ပါတယ်။

Thai Chuay Thai လှုပ်ရှားမှုဟာ အများပြည်သူ သုံးစွဲတဲ့ ကုန်စည်တွေကို ခရိုင်ရုံးတွေမှာ အပတ်စဉ် သောကြာနေ့တိုင်း အထူးလျှော့စျေးတွေနဲ့ ရောင်းချပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုဟာ မေလတစ်လလုံး ကြာမြင့်မယ်လို့လည်း သိရပါတယ်။

ထိုင်းအစိုးရရဲ့ ပြည်ထဲရေး၊ စီးပွားရေး ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ လက်လီလက္ကား အရောင်းဆိုင်တွေ ပူးပေါင်းမှုနဲ့ အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာလို့ ဆိုပါတယ်။

အကျိုးကျေးဇူး အနေနဲ့ မေလရဲ့ သောကြာနေ့တိုင်း သတ်မှတ်နေရာတွေမှာ ရောင်းချပေးမယ့် ကုန်စည်တွေကို ပြင်ပပေါက်စျေးထက် ၅၈ ရာခိုင်နှုန်းအထိ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရောင်းချပေးမယ့် ကုန်စည်အမျိုးအစားပေါင်း ၃၀၀၀ ကျော် ပါဝင်ပေမယ့် အဓိကအားဖြင့် ကဏ္ဍကြီးနှစ်ခု ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ပထမတစ်မျိုးက ဆပ်ပြာ၊ ခေါင်းလျှော်ရေး၊ အဝတ်လျှော်ဆပ်ပြာ အစရှိတဲ့ လူသုံးကုန်တွေ၊ ဒုတိယ တစ်မျိုးကတော့ ဆန်၊ သကြား၊ ဟင်းသီးဟင်းရွက်ဆီ၊ ဟင်းခတ်အမွှေးအကြိုက်စတဲ့ စားသောက်ကုန်တွေပါ။

ဒါ့အပြင် ပြည်တွင်းဖြစ် စားသောက်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်၊ အဝတ်အထည်တွေနဲ့ အသင့်စား အစားအသောက် အမှတ်တံဆိပ်တွေလည်း Thai Chuay Thai လှုပ်ရှားမှုမှာ ပူးပေါင်းထားကြပါတယ်။

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူကတော့ အခုအစီအစဉ်ကြောင့် တန်ဖိုးနည်းပြီး အသုံးများတဲ့ ကုန်စည်တွေဟာ လူထုဆီ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားစေပြီး လူနေမှုစရိတ် ကြီးမြင့်တဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

စီးပွားရေး ဝန်ကြီး ဆူဖာဂျီ ဆူသွမ်ပွန်ကလည်း လက်ရှိ လှုပ်ရှားမှုကို ပိုမိုချဲ့ထွင်ပြီး လူထုလိုအပ်ချက်နဲ့ ကိုက်ညီမယ့် အမျိုးအစားသစ် ကုန်စည်တွေကိုပါ ထည့်သွင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အဲဒီ ရည်ရွယ်ချက် အတွက်လည်း အစိုးရဟာ နိုင်ငံအနှံ့က ကုန်စည် ဖြန့်ဝေရေး ဒိုင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေကြောင်း၊ အခုလှုပ်ရှားမှုကနေ ရလာတဲ့ ကောင်းကျိုးကို ပြည်နယ် အသီးသီးရဲ့ ခရိုင်တိုင်းမှာ ညီတူညီမျှ ခံစားခွင့်ရအောင် စီမံဆောင်ရွက်ပေးနေကြောင်း ဆူဖာဂျီက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက အခမ်းအနား တစ်ခုမှာ လက်ရှိ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲကိုပါ ထိုင်းနိုင်ငံ လာရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံ အမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။