Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားမဝင် နိုင်ငံခြားသား ဝန်ထမ်းတွေ ရှိနေတဲ့ ကလေးထိန်းကျောင်းကို ထိုင်းရဲတွေ စီးနင်း၊ ၉ ဦးအဖမ်းခံရ

ထိုင်းနိုင်ငံမှာ ကလေးထိန်း ကျောင်းတစ်ခုကို တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကိစ္စနဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေက စစ်ဆေးခဲ့တယ်လို့ အလုပ်သမားရေးရာ ဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကလေးထိန်း ကျောင်းတစ်ခုကို တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကိစ္စနဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေက စစ်ဆေးခဲ့တယ်လို့ အလုပ်သမားရေးရာ ဝန်ကြီးက ပြောပါတယ်။

မေလ ၁ ရက်နေ့တုန်းက လုံခြုံရေး အရာရှိတွေ၊ ဒေသခံ အာဏာပိုင်တွေ၊ ရဲဝန်ထမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေး ရဲဌာန တာဝန်ရှိသူတွေဟာ ဆူရတ်ဌာနီ ပြည်နယ်၊ ခေါ့ဖန်ဂန် ခရိုင်ထဲက ကလေးထိန်း ကျောင်းတစ်ခုကို ဝင်ရောက် စီးနင်းပြီး စစ်ဆေးခဲ့တာလို့ ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး ဂျူလာပေါင် အမွန်ဗီဗက်က ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီ ကလေးထိန်းကျောင်းဟာ နိုင်ငံခြားသား အလုပ်သမားတွေ ခန့်အပ်မှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်ထားကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ တချို့နိုင်ငံခြားသားတွေက အလုပ်လုပ်ခွင့်ပါမစ် မရှိကြဘဲ တချို့ကတော့ ဥပဒေအရ ခွင့်ပြုထားတာ မဟုတ်တဲ့ အလုပ်အမျိုးအစားတွေမှာ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။

အဲဒီကျောင်းမှာ အလုပ်ခန့်အပ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ရှိနေနိုင်ကြောင်း အစီရင်ခံချက်ကို ရရှိခဲ့တဲ့နောက် စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ အလုပ်အကိုင် ခန့်အပ်ရေးဌာန (DOE)ရဲ့ ညွှန်ကြားရေးမှူးချုပ်ကို သူက အမိန့်ပေးခဲ့ကြောင်း ဝန်ကြီးက ပြောပါတယ်။ DOEကလည်း ဆူရတ်ဌာနီ ပြည်နယ် အလုပ်အကိုင် စီမံရေးရုံးဆီ အကြောင်းကြားခဲ့ပြီး အခုလို စုံစမ်းစစ်ဆေးမှု၊ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေ ဖြစ်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဝန်ကြီးက နိုင်ငံအနှံ့ အလုပ်နေရာတွေမှာ နိုင်ငံခြားသားဝန်ထမ်းတွေ ခန့်အပ်မှုက စည်းမျဉ်း ဥပဒေတွေနဲ့ ညီမညီ စုံစမ်းစစ်ဆေးမှုတွေကို အရှိန်မြှင့်ဖို့လည်း DOEဆီ ညွှန်ကြားထားကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားသား ဝန်ထမ်းတွေ အလုပ်ခန့်မှုကို သတ်မှတ် စည်းမျဉ်းတွေနဲ့ ညီညွတ်စေဖို့၊ ဥပဒေ ပြဋ္ဌာန်းချက်တွေ ခိုင်မာဖို့၊ ဖောက်ဖျက် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။

DOEဟာ နိုင်ငံခြားသား အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်ပါမစ် ထုတ်ပေးတဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပိုပြီး ဂရုတစိုက် ပြန်လည် ဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သတ်မှတ်ထားတဲ့ နိုင်ငံတချို့ရဲ့ နိုင်ငံသားတွေကို လုံခြုံရေးအရ စောင့်ကြည့်တဲ့ ကိစ္စရပ်တွေ ထည့်သွင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အာဏာပိုင် အဖွဲ့အစည်းတွေဟာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ပတ်သက်ပြီး စုံစမ်းမှု၊ ဖမ်းဆီးမှု၊ ဥပဒေကြောင်းအရ အရေးယူမှုတွေကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အချင်းချင်း ပိုမိုပူးပေါင်း ညှိနှိုင်းသွားမယ်လို့လည်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး တစ်စီးဟာ အောက်တိုဘာ လဆန်းပိုင်းကျရင် တပ်သားတွေ အပန်းဖြေ အနားယူမယ့် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ဆီ ဆိုက်ရောက်လာမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရေကြီးတဲ့ နေရာတစ်ခုကို သွားရောက်ချိန်မှာ ဖိနပ်ချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ရက် သုံးစွဲသူ ထိုင်းနိုင်ငံသားတွေကြားမှာ လူပြောများပြီး အငြင်းအခုံတွေလည်း ဖြစ်နေစေပါတယ်။

နိုင်ငံတကာ

ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

Facebook