Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းမှာ တရုတ်နဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ

ဘေဂျင်းမြို့တော်ဆီ ရောက်ရှိနေတဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Xinhua/File

ဘေဂျင်းမြို့တော်ဆီ ရောက်ရှိနေတဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ မေလ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက အတည်ပြု ဖော်ပြခဲ့ပါတယ်။ ဒါဟာ အီရန်နဲ့ အမေရိကန်တို့ စစ်ပွဲ စတင်ခဲ့တဲ့နောက်ပိုင်း အာရက်ချီနဲ့ ဝမ်ယိတို့ ပထမဆုံး မျက်နှာစုံညီ တွေ့ဆုံမှု ဖြစ်ပါတယ်။ စစ်ပွဲကာလမှာ သူတို့နှစ်ဦးဟာ ဖုန်းဆက် ဆွေးနွေးမှုတွေတော့ ရှိခဲ့ပါတယ်။

နောက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ စီစဉ်ထားတဲ့ တရုတ်ခရီးစဉ် မတိုင်ခင် အာရက်ချီက ဘေဂျင်းကို ရောက်လာခဲ့တာပါ။ ထရမ့်ဟာ အဲဒီ ခရီးစဉ် အတောအတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထိပ်သီး အစည်းအဝေးအဖြစ် တွေ့ဆုံပါမယ်။

တရုတ်နိုင်ငံဆီ မေလ ၅ ရက်နေ့ ညနေပိုင်းမှာ အာရက်ချီ ရောက်ရှိလာခဲ့ကြောင်း တရုတ် အစိုးရပိုင် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒီခရီးစဉ်မှာ အာရက်ချီကို တရုတ် အစိုးရက ဖိတ်ကြားခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာရက်ချီနဲ့ ဝမ်ယိတို့ ဆွေးနွေးခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကို တရုတ်က မကြေညာသေးပါဘူး။ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဆွေးနွေးပွဲတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စတွေပါ အစုံအလင် ပါဝင်မယ်လို့ ကြိုတင် သတင်းထုတ်ပြန်ထားပါတယ်။

အီရန်စစ်ပွဲကြောင့် ဟောမုဇ် ရေလက်ကြား ပိတ်ခံထားရတဲ့ ပြဿနာမျိုးကို ပြေလည်စေရေးဟာ တရုတ်ရဲ့ ဦးစားပေး ရည်မှန်းချက်တစ်ခု ဖြစ်နေပါတယ်။ စစ်ပွဲ မတိုင်ခင်မှာ တရုတ်က ဝယ်ယူတင်သွင်းတဲ့ ရေနံနဲ့ ဓာတ်ငွေ့ စုစုပေါင်း ၂၀ ရာခိုင်နှုန်းလောက်ဟာ အဲဒီ ရေလမ်းကြောင်းကို ပုံမှန် ဖြတ်သန်းလေ့ရှိပါတယ်။

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေဆီကနေ ရေနံဝယ်ယူ တင်သွင်းမှု အများဆုံး ကမ္ဘာ့နိုင်ငံဖြစ်တဲ့ တရုတ်ဟာ ဟောမုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုရဲ့ အကျိုးဆက်တွေကိုလည်း သိသိသာသာ သက်ရောက် ခံစားနေရပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နဲ့ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေရာ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းမှာ တရုတ်က ရေပြင်နဲ့ဝေဟင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆီကို ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ် အစိုးရက အငှားပေးပို့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook