Connect with us

Hi, what are you looking for?

သတင်း

မဘိမ်းမြိုနယ်မှာ KIA နဲ့ စစ်တပ်ကြားလက်နက်ကြီး၊ ဒရုန်းတိုက်ပွဲ ပြင်းထန်နေ

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

(KIAဦး​ဆောင်တဲ့ တော်လှန်​ရေးတပ်​တွေကမဘိမ်းမြို့ကို ၂၀၂၄ ဇန်နဝါရီလကသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ )

​မေ-၁၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကမဘိမ်းမြို့နယ်အတွင်းလက်ရှိစစ်ရေးအခြေအနေကို​မေးမြန်းတဲ့အခါ ဗိုလ်မှူးကြီးနော်ဘူက မေလ‌၉ရက် ညနေပိုင်းမှာ အသိပေးတာဖြစ်ပါတယ်။

“ရွှေကူကိုကြတော့ စစ်ကြောင်းတွေဝင်လာတာရှိတယ်။ မဘိမ်းမြို့နယ်မှာကကြတော့ လက်နက်ကြီး‌‌ တွေပစ်ခတ်သလို ဒရုန်းတွေနဲ့လည်း အပြန်အလှန်တိုက်ပွဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မဘိမ်းမှာ မြေပြင်တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့်လက်ရှိစစ်ရေးအခြေအနေအရ စိုးရိမ်စရာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ကျွန်မတို့ကအဓိကစစ်တပ်စစ်ကြောင်းတွေကိုကြောက်တာ။သူတို့က မြင်သမျှ ရန်သူဆိုပြီးလုပ်တာ။ စစ်တပ် လမ်းကြောင်းသတင်းကိုပဲစောင့်ကြည့်နေရတယ်”လို့ ဒေသခံမျိုးသမီးတဦးကပြောပါတယ်။

မဘိမ်းမြို့ဟာရှမ်းပြည်နယ်ထဲက မိုးမိတ်၊ ကချင်ပြည်နယ်ထဲက ရွှေကူ၊ စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကသာနဲ့ မဘိမ်းမြို့ကြားမှာ ငါးအိုးရွာတည်ရှိပြီး စစ်တပ်ရဲ့ ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားပါတယ်။မဘိမ်းမြို့ကို KIA ၊PDF နဲ့ ABSDF နဲ့ ပူးပေါင်းတပ်တွေက ၂၀ ၂၄ ဇန်နဝါရီလကအပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မဘိိမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ KIA မေလဆန်းမှာ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။