Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်က Boeing လေယာဉ် အစီး ၂၀၀ ဝယ်မယ်လို့ ထရမ့်ပြော

အမေရိကန် လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး Boeingဆီက လေယာဉ် အစီး ၂၀၀ ဝယ်ယူဖို့ တရုတ်က သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး Boeingဆီက လေယာဉ် အစီး ၂၀၀ ဝယ်ယူဖို့ တရုတ်က သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

မေလ ၁၄ ရက်နေ့က ဘေဂျင်းမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ရှီက လေယာဉ်တွေဝယ်မယ့် ကိစ္စကို ကတိပေးခဲ့ကြောင်း ထရမ့်က Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ Boeingရဲ့ လေယာဉ်တွေ တရုတ်ဆီ ရောင်းချရေးဟာ ထရမ့်ရဲ့ ဘေဂျင်းခရီးစဉ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး Boeing အမှုဆောင်ချုပ် ကယ်လီ အော့တ်ဘာ့ဂ်ကိုယ်တိုင် ထရမ့်နဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။

ရှီနဲ့သူနဲ့ သဘောတူညီမှု ရခဲ့တာ တစ်ခုက Boeingဆီက လေယာဉ် အစီး ၂၀၀ ကို တရုတ်က မှာယူဖို့ဆိုတာ ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။ Boeingက အစီး ၁၅၀ လောက်ပဲ ရောင်းဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အခုတော့ အစီး ၂၀၀ စာ အမှာစာ ရတော့မယ်လို့ ထရမ့်က ပြောပါတယ်။ ဒါဟာ Boeing အတွက်တော့ အားရစရာ ဖြစ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

Boeingဟာ တရုတ်ဆီက အကြီးစား အမှာစာမျိုးတွေ မရခဲ့တာ ဆယ်စုနှစ် တစ်ခုနီးပါးလောက် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအစား တရုတ်ဟာ Boeingရဲ့ ပြိုင်ဘက် ဥရောပ အခြေစိုက် Airbusဆီကပဲ လေယာဉ်တွေ အဓိက တင်သွင်း ဝယ်ယူနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်က Boeingရဲ့ ဘယ်လေယာဉ် မော်ဒယ်တွေကို ဝယ်မလဲဆိုတာ ထရမ့်က အသေးစိတ် မပြောပေမယ့် စျေးကွက် သုတေသီတွေကတော့ ကုမ္ပဏီရဲ့ အရောင်းအသွက်ဆုံး 737 Maxတွေကို အဓိက မှာယူဖွယ် ရှိတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

ထရမ့်ရဲ့ စကားနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ရော၊ Boeingကပါ သီးခြား ကြေညာချက် မထုတ်ပြန်သေးပါဘူး။ Boeingရဲ့ ရှယ်ယာတွေဟာ မေလ ၁၄ ရက် ညနေပိုင်းမှာ ကျရိပ်ပြနေရာက ထရမ့်ရဲ့ အင်တာဗျူး အပြီးမှာတော့ ပြန်ပြီး တက်ရိပ်ပြလာပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ကုမ္ပဏီရဲ့ ထိပ်တန်း ရှယ်ယာရှင်တွေ အစည်းအဝေးမှာ အော့တ်ဘာ့ဂ်က တရုတ်-အမေရိကန် ထိပ်သီး ညီလာခံဟာ ကုမ္ပဏီအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။

တရုတ်ဟာ လေယာဉ်တွေ မှာယူလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ အရေအတွက် အတိအကျကိုတော့ သူမပြောနိုင်သေးပေမယ့် များတော့ များမယ်ဆိုတာ ကျိန်းသေကြောင်း အဲဒီတုန်းက အော့တ်ဘာ့ဂ်က ပြောကြားခဲ့ပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။