Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီအခြေစိုက် ခမရ(၅၆၁)ကိုလာတဲ့ယာဉ်တွေနဲ့ လုံခြုံ​ရေးယူ​ပေးတဲ့စစ်သားကိုPDF တိုက်ခိုက်

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်ရဲ့ကားတန်းကို PDF ​တွေကတိုက်ခိုက်ပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-PDFမြိတ်ခရိုင်တပ်ရင်း-၂ )

မေ-၁၈၊၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၄ရက် မနက်မှာ ခမရ(၅၆၁)ကို ဦးတည်လာတဲ့ကျောက်ကား ၂ စီး၊ လမ်းကြိတ်ကားတင်ဆောင်လာတဲ့တွဲကား ၁ စီးနဲ့ ဆီပုံးမတွေတင်လာတဲ့ကားငယ် ၁ စီးပါကား​၄စီးကိုခြောက်မိုင်ရွာအနီးမှာPDFပူးပေါင်းတပ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ကား ၄ စီးလုံး ရပ်တန့်သွားခဲ့ပြီး ကျောက်ကား ၁ စီးမှာ လုံးဝပျက်စီးသွားတယ်လို့မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

(စစ်တပ်ရဲ့ကားတန်းကို PDF ​တွေကတိုက်ခိုက်ပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-PDFမြိတ်ခရိုင်တပ်ရင်း-၂ )

ဒါ့အပြင် တနင်္သာရီမြို့နယ် ဘန်လောလမ်းဆုံ၊ ခြောက်မိုင်ရွာနဲ့ လငုလမ်းဆုံ လမ်းကြောင်းတစ်လျှောက်မှာလုံခြုံရေး ယူပေးထားတဲ့စစ်သား တွေ နဲ့ PDF မြိတ်ခရိုင် တပ်ရင်း ၂ ၊တပ်ရင်း ၃ ပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲ​တွေဖြစ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။မေလ ၁၄ရက် မွန်းလွဲပိုင်းမှာလည်းတနင်္သာရီမြို့နယ်ခြောက်မိုင်ရွာအနီးမှာ စစ်သား​တွေကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ညနေပိုင်းမှာလည်းလငုလမ်းဆုံအနီးရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ရာ ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း PDF ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်းအသိပေးထားပါတယ်။

အခု တိုက်ပွဲဖြစ်တဲ့ဒေသဟာအရင်ကလည်း PDFတွေနဲ့ စစ်ကောင်စီအကြား မကြာခဏ တိုက်ပွဲဖြစ်ခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။

ဒါ့အပြင် မေလ ၃ရက်ကလည်း ခမရ(၅၆၁) တပ်ကို ဦးတည်တဲ့ စစ်ကောင်စီ ကုန်တင်ကား ၃စီးကို ၅မိုင်ရွာအနီး တိုက်ခိုက်ခဲ့ရာ တစီး တိမ်းမှောက်ခဲ့ကြောင်းအသိပေးထားပါတယ်။အဲဒီတုန်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

မေလဆန်း နဲ့ ဧပြီလကုန်ပိုင်းကလည်း စစ်တပ်နဲ့ PDF တို့ တနင်္သာရီမြို့နယ် ဘန်လောရွာ၊ ၆မိုင်ရွာအနီး ဝန်းကျင်တွေမျာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မတ်လ ၃ရက်​နေ့မှာပဲ ‌တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ကို PDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၄ဦး သေဆုံးကာ အထိအခိုက်တွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ်အတွင်း စစ်ရေး အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ရာ နေရာတွေနဲ့ အနီးဝန်းကျင်ကို သွားလာခြင်းမပြုဖို့လည်း PDF မြိတ်ခရိုင် တပ်ရင်း(၂)က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။