Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီအခြေစိုက် ခမရ(၅၆၁)ကိုလာတဲ့ယာဉ်တွေနဲ့ လုံခြုံ​ရေးယူ​ပေးတဲ့စစ်သားကိုPDF တိုက်ခိုက်

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်ရဲ့ကားတန်းကို PDF ​တွေကတိုက်ခိုက်ပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-PDFမြိတ်ခရိုင်တပ်ရင်း-၂ )

မေ-၁၈၊၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၄ရက် မနက်မှာ ခမရ(၅၆၁)ကို ဦးတည်လာတဲ့ကျောက်ကား ၂ စီး၊ လမ်းကြိတ်ကားတင်ဆောင်လာတဲ့တွဲကား ၁ စီးနဲ့ ဆီပုံးမတွေတင်လာတဲ့ကားငယ် ၁ စီးပါကား​၄စီးကိုခြောက်မိုင်ရွာအနီးမှာPDFပူးပေါင်းတပ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ကား ၄ စီးလုံး ရပ်တန့်သွားခဲ့ပြီး ကျောက်ကား ၁ စီးမှာ လုံးဝပျက်စီးသွားတယ်လို့မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

(စစ်တပ်ရဲ့ကားတန်းကို PDF ​တွေကတိုက်ခိုက်ပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-PDFမြိတ်ခရိုင်တပ်ရင်း-၂ )

ဒါ့အပြင် တနင်္သာရီမြို့နယ် ဘန်လောလမ်းဆုံ၊ ခြောက်မိုင်ရွာနဲ့ လငုလမ်းဆုံ လမ်းကြောင်းတစ်လျှောက်မှာလုံခြုံရေး ယူပေးထားတဲ့စစ်သား တွေ နဲ့ PDF မြိတ်ခရိုင် တပ်ရင်း ၂ ၊တပ်ရင်း ၃ ပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲ​တွေဖြစ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။မေလ ၁၄ရက် မွန်းလွဲပိုင်းမှာလည်းတနင်္သာရီမြို့နယ်ခြောက်မိုင်ရွာအနီးမှာ စစ်သား​တွေကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ညနေပိုင်းမှာလည်းလငုလမ်းဆုံအနီးရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ရာ ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း PDF ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်းအသိပေးထားပါတယ်။

အခု တိုက်ပွဲဖြစ်တဲ့ဒေသဟာအရင်ကလည်း PDFတွေနဲ့ စစ်ကောင်စီအကြား မကြာခဏ တိုက်ပွဲဖြစ်ခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။

ဒါ့အပြင် မေလ ၃ရက်ကလည်း ခမရ(၅၆၁) တပ်ကို ဦးတည်တဲ့ စစ်ကောင်စီ ကုန်တင်ကား ၃စီးကို ၅မိုင်ရွာအနီး တိုက်ခိုက်ခဲ့ရာ တစီး တိမ်းမှောက်ခဲ့ကြောင်းအသိပေးထားပါတယ်။အဲဒီတုန်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

မေလဆန်း နဲ့ ဧပြီလကုန်ပိုင်းကလည်း စစ်တပ်နဲ့ PDF တို့ တနင်္သာရီမြို့နယ် ဘန်လောရွာ၊ ၆မိုင်ရွာအနီး ဝန်းကျင်တွေမျာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မတ်လ ၃ရက်​နေ့မှာပဲ ‌တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ကို PDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၄ဦး သေဆုံးကာ အထိအခိုက်တွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ်အတွင်း စစ်ရေး အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ရာ နေရာတွေနဲ့ အနီးဝန်းကျင်ကို သွားလာခြင်းမပြုဖို့လည်း PDF မြိတ်ခရိုင် တပ်ရင်း(၂)က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။