Connect with us

Hi, what are you looking for?

သတင်း

ကနီနယ်ဒေသခံတွေ စစ်တပ်စစ်ကြောင်းနဲ့ ၃မိုင်အကွာက ရှောင်ရှားကြဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်က အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့စစ်ကြောင်းတွေကို (၃)မိုင်အကွာက ရှောင်ရှားကြဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ သတိပေး ထုတ်ပြန်ပါတယ်။

(ကနီတွင် စစ်ကောင်စီစစ်ကြောင်း မီးရှို့ပြာကျခဲ့သော လူနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Pyae Aung Naing-ကနီ)

မေ ၂၄၊ ၂၀၂၆ ဟာနာဆန်/People’s Spring

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်က အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့စစ်ကြောင်းတွေကို (၃)မိုင်အကွာက ရှောင်ရှားကြဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ သတိပေး ထုတ်ပြန်ပါတယ်။

​စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းတွေ လှုပ်ရှားနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းတွေနဲ့ အနည်းဆုံး (၃)မိုင်အကွာကနေ ဘေးလွတ်ရာ ရှောင်ရှားနေထိုင်ကြဖို့ ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ဒီကနေ့ (မေလ ၂၄ ရက်)မှာ သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

စစ်တပ်စစ်ကြောင်းဟာ ကနီမြို့နယ်အတွင်း ကျေးရွာတွေကို ရွာစဥ်လှည့် စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆေးရုံတွေ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေနဲ့ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကာ အုပ်ချုပ်ရေးယန္တယား လည်ပတ်နိုင်ဖို့ ကြိုးစားနေကြောင်း

Public Service Announcement

Public Service Announcement

မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဒါ့ကြောင့် စစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွား လာနိုင်တာကြောင့် ကနီ-ချောင်းမလမ်းပိုင်း ၊ မုံရွာ-ချောင်းမ-ယာကြီးလမ်းပိုင်းများရှိ ပြည်သူတွေ အနေနဲ့ စစ်ကြောင်းတွေနဲ့အနည်းဆုံး (၃)မိုင် အကွာကနေ ဘေးလွတ်ရာနေရာတွေဆီ ယာယီ ရှောင်ရှားနေထိုင်ပေးကြဖို့ ကနီမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ်မှာ စစ်wyfစစ်ကြောင်း ရောက်ရှိနေတာ တစ်လနီးပါး ရှိလာပြီး ကျေးရွာပေါင်း ၃၀ နီးပါးမှ ပြည်သူပေါင်း ၂၄၀၀၀ ကျော်[m တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ကနီမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

“ရှောင်တိမ်းချိန်ကြာလာပြီဖြစ်လို့ စားဝတ်နေရေးအခက်အခဲတွေနဲ့ တွေ့ကြုံနေကြရပါတယ်”လို့ ၎င်းက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း ဝင်ရောက်နေချိန် ကာလအတွင်း လေကြောင်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁ ဦးရှိပြီး အဆောက်အအုံ ၃၀ နီးပါး မီးရှိူ့ဖျက်ဆီးခံထားရတယ်လို့ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ကနီမြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၃၁ရွာ ၊ ကနီမြို့ပေါ် ရပ်ကွက် ၃ ခုက ပြည်သူတွေရဲ့ ပစ္စည်းတွေယူဆောင်ပြီး ဖျက်ဆီးခဲ့တာတွေလည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဒီလပိုင်းမှာ နိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့ ဒေသတွေကို စစ်ကြောင်းတွေအများအပြားနဲ့ ထိုးစစ်ဆင်နေပါတယ်။ စစ်ကိုင်းတိုင်းမှာလည်း စစ်တပ်က အင်အားတွေဖြည့်နေပြီး ကနီ၊ ယင်းမာပင်၊ ဘုတလင်နယ်တွေမှာ စစ်ကြောင်းတွေ ထိုးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။