Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Ferrari ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကားကို တရားဝင် မိတ်ဆက်

ကမ္ဘာကျော် တန်ဖိုးကြီး ဇိမ်ခံ စူပါကား အမှတ်တံဆိပ် Ferrariရဲ့ ပထမဆုံး လျှပ်စစ်ကား အသစ်ကို တရားဝင် မိတ်ဆက် ပြသလိုက်ပါတယ်။

ဓာတ်ပုံ - Ferrari

ကမ္ဘာကျော် တန်ဖိုးကြီး ဇိမ်ခံ စူပါကား အမှတ်တံဆိပ် Ferrariရဲ့ ပထမဆုံး လျှပ်စစ်ကား အသစ်ကို တရားဝင် မိတ်ဆက် ပြသလိုက်ပါတယ်။

Luceလို့ နာမည်ပေးထားတဲ့ မော်တော်ကားဟာ ရုပ်ကြွင်းလောင်စာအစား လျှပ်စစ်ဓာတ်အားနဲ့ အပြည့်အဝ မောင်းနှင်စေမယ့် EVတစ်စီး ဖြစ်လာမှာပါ။ ဒါဟာ အစဉ်အလာအားဖြင့် အားကောင်းတဲ့ ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်တွေကိုပဲ ဂုဏ်ယူစွာ အသုံးပြုလေ့ရှိတဲ့ စူပါကား ကုမ္ပဏီကြီးတွေဟာလည်း EV စျေးကွက်ထဲ စတင်ခြေချ လာနေတာကို မြင်သာစေတဲ့ အရွေ့တစ်ခု ဖြစ်လာပါတယ်။

ဒါပေမဲ့ Ferrariရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Lamborghiniနဲ့ Porscheတို့ကတော့ စူပါကားတွေ ဝယ်ယူတဲ့ ဖောက်သည်တွေ ဆိုတာက လျှပ်စစ် ဘက်ထရီတွေအစား ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်ကိုပဲ ပိုမက်မောတယ်လို့ ထောက်ပြပြီး EV စူပါကားတွေ ထုတ်လုပ်မယ့် စီမံကိန်းမျိုးကို အားပေးမထားပါဘူး။

Ferrariရဲ့ Luceဟာ စူပါပြိုင်ကားတစ်စီးထက် မိသားစုသုံး မော်တော်ကားမျိုးနဲ့ ပိုတူပါတယ်။ စူပါကားတွေလို တံခါးနှစ်ပေါက် မော်ဒယ် မဟုတ်ဘဲ Luceကတော့ တံခါးလေးပေါက်နဲ့ ဖန်တီးထားတာပါ။

Public Service Announcement

Public Service Announcement

အီတလီ ကားကုမ္ပဏီကြီးဟာ အီတလီ ဘာသာစကားအရ အလင်းရောင်လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးကို ကားမော်ဒယ် နာမည် ပေးခဲ့တာပါ။ Luceရဲ့ ဒီဇိုင်းကိုတော့ Apple ကုမ္ပဏီရဲ့ ဒီဇိုင်းဌာန အကြီးအကဲဟောင်း ဂျွန်အိုင်ဗီက ကူညီ ဖန်တီးပေးထားပါတယ်။

Luceအတွက် Ferrariရဲ့ ပစ်မှတ်ကတော့ ငွေကြေးချမ်းသာ ကြွယ်ဝတဲ့ မိသားစုတွေပဲ ဖြစ်ပါတယ်။ Luce တစ်စီးဟာ ဒေါ်လာ ၆၄၀၀၀၀ လောက် တန်ဖိုးကျသင့်မှာဖြစ်ပြီး အခုနှစ် နောက်ဆုံး သုံးလပတ်လောက်မှာ စျေးကွက်ထဲ ရောက်လာဖွယ် ရှိနေပါတယ်။

လျှပ်စစ်ကားတွေက အင်ဂျင်သံ ထွက်လေ့မရှိပေမယ့် Luceမှာတော့ Ferrariရဲ့ ရိုးရာဟန် မပျောက်အောင် ကားစက်သံကို တမင်ပေါင်းထည့်ပေးထားပြီး Ferrariရဲ့ အားကောင်းတဲ့ ဂုဏ်ပုဒ်တွေကို EVနည်းပညာနဲ့ ဟန်ချက်အညီဆုံး ပေါင်းစပ်ပေးထားတယ်လို့ ဆိုပါတယ်။

မော်တော်ကားအတွက် စက်အားကို ဘီးတစ်လုံးစီမှာ ချိတ်ဆက်ထားတဲ့ လျှပ်စစ်မော်တာ တစ်လုံးစီက ထောက်ပံ့ပေးမှာပါ။ အဲဒီမော်တာတွေဟာ စုစုပေါင်း မြင်းကောင်ရေ ၁၀၀၀ ကျော် စက်အားကို ထုတ်လုပ်ပေးပြီး ကားရဲ့ မြန်နှုန်းကို တစ်နာရီ ၁၉၂ မိုင်နှုန်းလောက်ထိ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ၂.၂ တန် အလေးချိန်ရှိတဲ့ ကားတစ်စီးအတွက် အထင်ကြီးစရာ မြန်နှုန်းမျိုး ဖြစ်ပါတယ်။ ပြီးတော့ တစ်ကြိမ် အားသွင်းထားပြီးရင် ကီလိုမီတာ ၅၀၀ ကျော်ထိ ခရီးပေါက်အောင် Luceက မောင်းနှင်နိုင်လိမ့်မယ်လို့ Ferrariက ပြောပါတယ်။

အမေရိကန်ရဲ့ နာမည်ကျော် လျှပ်စစ်ကားဖြစ်တဲ့ Teslaနဲ့ တရုတ် ကုမ္ပဏီ တချို့က ထုတ်လုပ်တဲ့ EVတွေရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံမှာ ခေတ်ရှေ့ပြေးပြီး ဒစ်ဂျစ်တယ် နည်းပညာ screen အများအပြားကို အသုံးပြုထားလေ့ ရှိပေမယ့် Luceမှာတော့ Ferrariရဲ့ မူပိုင် ကြွယ်ဝမှု၊ ခန့်ညားမှုတွေကို ဆက်လက် ထိန်းသိမ်းထားပြီး သားရေ၊ ဖန်သား၊ အစွန်းအထင်း မရှိစေတဲ့ အလျူမီနီယမ်တွေနဲ့ အလှဆင်ထားမယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာတလွှားမှာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားတွေ တင်ပို့ရောင်းချမှုဟာ ဆက်တိုက် တိုးတက်လာပြီး ၂၀၂၅ ခုနှစ် အတွင်းမှာတော့ ရောင်းသမျှ ကားအားလုံးရဲ့ လေးပုံတစ်ပုံလောက်ဟာ လျှပ်စစ်စွမ်းအင် သီးသန့် အသုံးပြုတဲ့ကား (EV)တွေနဲ့ လျှပ်စစ်စွမ်းအင် တစ်စိတ်တစ်ပိုင်း အသုံးပြုတဲ့ကား (PHEV)တွေ ဖြစ်လာကြောင်း သိရပါတယ်။