Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုနှင့် လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီဘက်ကခုနှစ်ဦးသေပြီး ကိုးဦးဒဏ်ရာရ၊ KNDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

ဒီမောဆိုမြို့နယ်၊ ဝပ်လထွားကျေးရွာနှင့်လွိုင်ကော်မြို့နယ်၊ ကနန်းကွယ်ရွာ နှင့် ရေကန်ရွာကြားတွင် ဒီဇင်ဘာ ၁၅ရက်နှင့် ၁၆ရက်က ဖြစ်ခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရခဲ့သည်ဟု KNDFက ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် သည်။

(ဒဏ်ရာရ​ထား​သော KNDFတပ်ဖွဲ့ဝင်ကို ရဲ​ဘော်ရဲဘက်တစ်ဦးက ​ကျောပိုး၍ သယ်​ဆောင်ခဲ့သည် ဓါတ်ပုံ-KNDF )

ဒီးမော့ဆိုနှင့် လွိုင်ကော်တွင် နှစ်ရက်အတွင်းဖြစ်ပွား​​သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ခုနှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်များသည် အရပ်ဝတ်များဖြင့် ပြည်သူများ၏နေအိမ်များအတွင် ပုန်းခိုလျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။

ကရင်နီတပ်မတော် (KA)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့နှင့်အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီမောဆိုနှင့် လွိုင်ကော်မြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဒီမောဆိုမြို့နယ်၊ ဝပ်လထွားကျေးရွာနှင့်လွိုင်ကော်မြို့နယ်၊ ကနန်းကွယ်ရွာ နှင့် ရေကန်ရွာကြားတွင် ဒီဇင်ဘာ ၁၅ရက်နှင့် ၁၆ရက်က ဖြစ်ခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရခဲ့သည်ဟု KNDFက ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း ကရင်နီတပ်မတော်မှ ရဲဘော်နှစ်ဦး လက်နက်ကြီးစ မှန်၍ ဒဏ်ရာရပြီး တစ်ဦးကျဆုံးခဲ့သည်။ ကျဆုံးသွားသောရဲဘော်အား အမျိုးသား အာဇာနည် သူရဲကောင်းအဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်ပါသည်ဟု KNDF က ထုတ်ပြန်ထားသည်။ ထို့အပြင် တော်လှန်းရေးအတွင်း ကျဆုံးသွားသော ရဲဘော်များအားလုံး နှင့် ပြည်သူများ၏ပေးဆပ်မှုကို အောက်မေ့၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာပြုသည်ဟုKNDF သတင်းနှင့်ပြန်ကြားရေးဌာနက လူထုအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ကရင်နီဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ အကြမ်းဖက်စစ်ကောင်စီတပ်များသည် အရပ်ဝတ်များဖြင့် ကျေးရွာအတွင်း လှုပ်ရှားကာ ပြည်သူများ၏နေအိမ်များတွင် ပုန်းခိုလျက်ရှိကြောင်းလည်း KNDF က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။