Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စင်ကာပူရဲ့ ပျမ်းမျှ လူ့သက်တမ်း ထပ်တိုးလာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ - The New York Times

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

စင်ကာပူ အစိုးရရဲ့ အချက်အလက်ဌာန (SingStat)က ဇွန်လ ၃ ရက်နေ့မှာ ကြေညာခဲ့ရာမှာ စင်ကာပူမှာ နေထိုင်သူတွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၂၀၂၅ ခုနှစ်မှာ ၈၃.၉ နှစ် ဖြစ်လာကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်နဲ့ ယှဉ်ရင် ၀.၂ နှစ် ထပ်တိုးလာတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်းဟာ ဆယ်စုနှစ် တစ်ခုအတွင်း သိသိသာသာ တိုးလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ တုန်းက စင်ကာပူရဲ့ ပျမ်းမျှ သက်တမ်းဟာ ၈၂.၉ နှစ် ဖြစ်ပါတယ်။

လက်ရှိ အသက် ၆၅ နှစ်အထက် အရွယ်တွေဟာ ပျမ်းမျှသက်တမ်း ၈၆.၆ နှစ်ထိ ဆက်လက် ရှင်သန်နေထိုင်ဖို့ မျှော်လင့်ခွင့် ရှိနေတယ်လို့လည်း SingStatက ဆိုပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နဲ့ ယှဉ်ရင် အသက် ၆၅ နှစ်အထက် အရွယ်တွေ မျှော်လင့်နိုင်တဲ့ ပျမ်းမျှသက်တမ်းက ၀.၈ ရာခိုင်နှုန်း ပိုများလာတဲ့ သဘောပါ။

Public Service Announcement

Public Service Announcement

စင်ကာပူမှာ နေထိုင်သူတွေရဲ့ ပျမ်းမျှသက်တမ်း ခန့်မှန်းချက်က ကျားမ ကွာခြားမှုတော့ ရှိပါတယ်။ အမျိုးသားတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ၈၁.၈ နှစ်ဖြစ်ပြီး ၂၀၂၄ နဲ့ယှဉ်ရင် ၀.၃ နှစ် တိုးလာတာပါ။ အမျိုးသမီးတွေကတော့ ပျမ်းမျှသက်တမ်း ၈၆ နှစ်ထိ ရှိနိုင်ပြီး ၂၀၂၄ ခုနှစ်ထက် ၀.၂ နှစ် ထပ်တိုးလာတာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြားသော ညွှန်ကိန်းတွေကြောင့် စင်ကာပူမှာ လက်ရှိကာလ မွေးဖွားတဲ့ ကလေးငယ် ယောက်ျားလေးတွေ အနည်းဆုံး အသက် ၆၅ နှစ်ထိ ရှင်သန်နေထိုင်ခွင့်ဟာ ၉၀.၃ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။ အရင်က အဲဒီဖြစ်နိုင်ခြေဟာ ၈၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ မိန်းကလေးတွေ အသက်ရှည်ရှည် နေခွင့်ရဖို့ အလားအလာကတော့ ပိုပြီး အားကောင်းနေသလို အသက် ၆၅ နှစ်အထက်ထိ နေရဖို့ အလားအလာဟာ ၉၃.၆ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုတော့ ၉၄.၄ ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

သတင်း

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။