Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် ကန့်သတ်ခဲ့တဲ့ အမတ်တွေကို မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ ထရမ့်ဝေဖန်

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AFP

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ပူးပေါင်းပြီး အမေရိကန်က ဆင်နွှဲခဲ့တဲ့ အီရန်စစ်ပွဲဟာ ပြည်တွင်းမှာ ဆန့်ကျင် ဝေဖန်မှုတွေ မြင့်တက်လာနေပြီး ဇွန်လ ၃ ရက်နေ့မှာတော့ အောက်လွှတ်တော် အမတ်တွေဟာ ထရမ့် အနေနဲ့ နောက်ထပ် စစ်ရေးအရ တိုက်ခိုက်မှုတွေ ထပ်မလုပ်နိုင်အောင် တားဆီးဖို့ အဆိုတစ်ရပ်ကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့မှာတော့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthကနေပြီး အဲဒီ မဲခွဲရလဒ်အပေါ် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ ဇွန်လ ၃ ရက်နေ့တုန်းက အောက်လွှတ်တော်မှာ အဓိပ္ပါယ် ကင်းမဲ့လွန်းတဲ့ အဆိုတစ်ခုကို မဲခွဲခဲ့ကြောင်း၊ ဒီမိုကရက်တစ် အမတ်အားလုံးနဲ့ ဆိုးသွမ်း ရီပတ်ဘလစ်ကန် အမတ် ၄ ဦးဟာ သူ့ရဲ့ စစ်ပွဲဆိုင်ရာ အာဏာကို ကန့်သတ်ဖို့ မဲပေးခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။ အီရန်နဲ့ စစ်ပြေငြိမ်းရေးကိစ္စ ဆွေးနွေးနေရင်းတန်းလန်း အချိန်မျိုးမှာ ဒီလို မျိုးချစ်စိတ်ဓာတ် ကင်းမဲ့တဲ့ ကိစ္စမျိုး ထလုပ်တာက ဘယ်လိုလူစားတွေလဲလို့လည်း သူက မေးခွန်းထုတ်ထားပါတယ်။

အောက်လွှတ်တော်ရဲ့ မဲပေးအဆိုပြုချက်ဟာ တကယ်တမ်းမှာ ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ရှိမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အိမ်ဖြူတော်ကတော့ အဲဒီ အဆိုရဲ့ အရာရောက်မှုကို ပယ်ချထားပါတယ်။

Public Service Announcement

Public Service Announcement

အောက်လွှတ်တော် မဲခွဲမှုမှာတော့ ထရမ့်ရဲ့ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ ထောက်ခံမဲ ၂၁၅ မဲနဲ့ ကန့်ကွက်မဲ ၂၀၈ မဲထိ ရှိခဲ့ပါတယ်။ အဲဒီ အဆိုအရ သမ္မတဖြစ်တဲ့ ထရမ့်ဟာ တပ်တွေကို ပြန်ရုပ်သိမ်းဖို့၊ ဒါမှမဟုတ် စစ်ပွဲနဲ့ ပတ်သက်လို့ လွှတ်တော် ခွင့်ပြုချက်ကို တောင်းခံဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာတော့ ထရမ့်ရဲ့ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ အားထုတ်ခြင်းဟာ အခုတစ်ကြိမ်က စတုတ္ထမြောက် ဖြစ်ပါတယ်။ မေလတုန်းက အထက်လွှတ်တော်မှာလည်း အလားတူ အဆိုတစ်ရပ် တင်သွင်းထားပေမယ့် မဲပေးဆုံးဖြတ်တဲ့ အဆင့်ကိုတော့ မရောက်သေးဘူးလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။