Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လိင်အမြတ်ထုတ်မှုစွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ICCအစိုးရရှေ့နေချုပ် ရာထူးဆိုင်းငံ့ခံရ

လိင်အမြတ်ထုတ်မှု စွပ်စွဲချက်တွေကို အကြောင်းပြုပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC)ရဲ့အစိုးရရှေ့နေချုပ်ကာရင်မ်ခန်းဟာရာထူးတာဝန်ကနေဆိုင်းငံ့ ခံခဲ့ရပါတယ်။

ဓါတ်ပုံ- Reuters

ဇွန်-၉၊၂၀၂၆။People’s Spring

လိင်အမြတ်ထုတ်မှု စွပ်စွဲချက်တွေကို အကြောင်းပြုပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC)ရဲ့အစိုးရရှေ့နေချုပ်ကာရင်မ်ခန်းဟာရာထူးတာဝန်ကနေဆိုင်းငံ့ ခံခဲ့ရပါတယ်။

ICCရဲ့စီမံကွပ်ကဲမှုကော်မတီကခန်းကို အလုပ်တာဝန်တွေကနေ ဆိုင်းငံ့ထားမယ့် ဆုံးဖြတ်ချက်ကို ဇွန်လ ၈ ရက်နေ့မှာ အတည်ပြု ချမှတ်ခဲ့ပါတယ်။ အခုလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုဟာကော်မတီရဲ့အဖွဲ့ဝင် ၂၁ ဦးက မဲပေး ဆုံးဖြတ်မှု ရလဒ်အပြီးမှာထွက်ပေါ်လာတာပါ။ ICCမှာခန်းရဲ့ အနာဂတ် ဆက်ရှိ၊မရှိ ဆိုတာကတော့အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား ဆန္ဒအပေါ် မူတည်လာမှာ ဖြစ်ပါတယ်။

မဲပေးကြတဲ့ ကော်မတီဝင်တွေထဲက အများစုကတော့ ခန်းဟာလိင်အမြတ်ထုတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ မလျော်မကန်အပြုအမူတွေတကယ်ပဲကျူးလွန်ခဲ့တယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ရဲ့ထင်ရှားတဲ့ရှေ့နေတစ်ဦးဖြစ်သူ ခန်းအပေါ် အခုလို စွပ်စွဲမှုတွေဟာ ၂၀၂၄ ခုနှစ်မှာ စတင် ထွက်ပေါ်လာခဲ့ပါတယ်။ ICC ဌာနချုပ်ရှိရာနယ်သာလန်နိုင်ငံ၊ဟိဂ်မြို့မှာခန်းရဲ့ လက်အောက်ဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့တဲ့ အမျိုးသမီး တစ်ဦးက အဲဒီစွပ်စွဲမှုကို အစပြုခဲ့တာ ဖြစ်ပါတယ်။

သူ့ဆန္ဒမပါတဲ့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးမှုတွေကို ၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်း ခန်းက ကျူးလွန်ခဲ့ကြောင်း၊ ပြည်ပ ခရီးစဉ် တစ်ခုမှာလည်း ဟိုတယ်ခန်းမှာ သူနဲ့အတူ လာအိပ်ဖို့လည်း တောင်းဆိုခဲ့ကြောင်း၊ ရုံးခန်းတံခါးကိုသော့ပိတ်ပြီးခန်းကသူ့အိတ်ကပ်ကို လက်နှိုက်တာမျိုးတွေလည်း လုပ်ခဲ့ကြောင်း အသက် ၃၀ ကျော်အရွယ် အမျိုးသမီးက စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင်သူ့အလိုကိုမလိုက်တဲ့အတွက်နစ်နာသူနဲ့ တခြားလုပ်ဖော်ကိုင်ဖက်နှစ်ဦးကို လုပ်ငန်းခွင်မှာ ပစ်မှတ်ထား လက်စားချေတာတွေကိုလည်း ခန်းက လုပ်ခဲ့သေးတယ်လို့ တိုင်ကြားမှုမှာ ပါရှိခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ၁၈ လကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ICCက ခန်းကိုလုပ်ငန်းတာဝန်တွေကနေဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ခန်းကတော့သူဟာအပြစ်ကင်းကြောင်း အစဉ်တစိုက် ခုခံ ပြောကြားခဲ့ပါတယ်။

ခန်းကို ICC ရှေ့နေချုပ်အဖြစ် ဆက်ထားသင့် မသင့်ကို အဖွဲ့ဝင် နိုင်ငံတွေဆီ မဲပေး ဆုံးဖြတ်ခိုင်းတယ်ဆိုတဲ့ ကိစ္စမျိုးဟာ အရင်က မကြုံဖူးတဲ့ ကိစ္စမျိုးလို့လည်းဆိုနိုင်ပါတယ်။ကော်မတီဖက်ကတော့ ခန်းကို ရာထူးကဆိုင်းငံ့လိုက်တာဟာနောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက် မဟုတ်သေးဘူးလို့လည်းပြောကြားထားပါတယ်။

ခန်းဟာ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICCဆီ တရားဝင် လျှောက်ထား တောင်းဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်းရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေဟာလူသာမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းအထမြောက်တဲ့အတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ခန်းက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းမှာ ICCဆီ အဆိုပြုခဲ့တာဖြစ်ပါတယ်။

ကိုးကား- The Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာနဲ့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ICCရဲ့ စည်းမျဉ်းတွေအရ တရားစွဲဆို ခံရပြီး ခုခံလျှောက်လဲမယ့်သူဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို...

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Facebook