Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့မှာ ကင်းပတ်နေတဲ့ စစ်တပ်တိုက်ခံရပြီး တပ်ကြပ်အပါအဝင် ၂ဦးသေဟု ပကဖပြော

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

Screenshot

ဇွန်-၁၉၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

အခု ဇွန်လ ၁၇ ရက် မနက် ၈ နာရီ၀န်းကျင်က ရေစကြိုမြို့တောင်ဘက်က ၂၀၀၀ပြည့်ရပ်ကွက် အနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲက မိနစ် ၃၀ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကင်းပတ်ထွက်လာတဲ့ စစ်တပ်က အင်အား ၂၀ ၀န်းကျင်ပါပြီး တိုက်ခိုက်မှုအတွင်း အမှတ် (၂၅၆)ခြေလျင်တပ်ရင်း (ခလရ-၂၅၆)တပ်ရင်းက တပ်ကြပ်ကြီးဇော်မင်းအပါအ၀င် ၂ဦးမျက်မြင်သေဆုံးပြီး ၃ဦး ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် ရဲဘော် ၁ဦး လည်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က သေဆုံးထိခိုက်မှုနဲ့ ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုမရသေးပါဘူး။

စောင့်ကြိုတိုက်ခံရပြီး‌နောက် စစ်တပ်က ရေစကြိုမြို့ပေါ်ပြန်၀င်သွားတယ်လို့ -ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ရေစကြိုမြို့ပေါ်မှာ ရုံးပေါင်းစုံနဲ့ စစ်မှုထမ်းဟောင်းရုံးတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။

အခု ဇွန်လ ၈ ရက်ကလည်း စစ်တပ်အတွက် တပ်သားသစ်တွေ စုဆောင်းပေးနေတဲ့ ရေစကြိုမြို့ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူ ပျူစောထီးတို့ နေအိမ်ပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ရေစကြိုမြို့အနောက်ဘက် (၂)မိုင်၀န်းကျင် အကွာက ဖူလုံရွာအနီးမှာ စစ်တပ်ရဲ့ အမှတ် (၂၅၆၊၂၅၈၊၂၅၈) ခြေလျင်တပ်ရင်းတွေရှိပါတယ်။ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း တပ်မ(၁၀၁)ကနေ ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်တာရှိပါတယ်။

ရုပ်သံ – ရေစကြို ပကဖ

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။