ဇွန်-၂၂၊၂၀၂၆။မေ/People’s Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။
ဇွန်လ၂၂ရက်နေ့ မှာမြင်းခြံခရိုင်အတွင်းက PLAတပ်စခန်း နေရာတွေကို NUGလက် အောက်ခံ PDFတပ်တွေကပစ်ခတ်မှုမလုပ်ဘဲ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
“စခန်း၃ခုပေါ့။နောက်ဆုံးစခန်းမှာ ဖြေရှင်းပါမယ်လို့ မျှားခေါ်ပြီးတော့ မိုင်းထောင်လို့ ရဲဘော်တွေ ထိခိုက်တာပါ”လို့ PDF တွေကျဆုံးမှုနဲ့ပတ်သက်လို့ဖြစ်စဉ်မှာအနီးကပ်ရှိ နေသူတဦးက ပြောပါတယ်။

Public Service Announcement
ယခုလို ဝင်ရောက်စီးနင်းရတာဟာ ပြီးခဲ့တဲ့ မေလ၂၆ရက် နေ့၊ည၁၁နာရီမှာတောင်သာမြို့နယ် ၊ဝဲလောင်းရွာကပြည်သူ ဦးသန်း(အမည်လွှဲ)ကိုPLAတပ်ကဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ဖမ်းဆီးစဉ်မှာ ဦးသန်းနဲ့အတူ ကားတစီး၊အိမ်ဝိုင်းစာချုပ်၊အိမ်ထောင်စုဇယား၊ဘွဲ့လက်မှတ်များ၊ငွေသား ၁၀သိန်းတို့ကို ပါယူသွားတယ်လို့ NUGလက် အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရှိ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။
ဇွန်လ၁၈ရက် နေ့မှာ PLAတပ်ဖွဲ့ကပဲ ဦးသန်းရဲ့ ဇနီးကိုဆက်သွယ်လာပြီး ၁၉ရက် နေ့မှာကျပ်သိန်း၂၀၀၀ ပေးရန် မပေးပါက ဦးသန်းကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာ ကြောင့် ဦးသန်းရဲ့ ဇနီးက တောင်သာမြို့နယ်၊ပြည်သူ့လုံခြုံရေး အဖွဲ့ကို တိုင်ကြားလာတာလို့ ဆိုပါတယ်။
ဒါ့ကြောင့် တောင်သာမြို့နယ်ပကဖက ဇွန်လ၁၈ ရက်နေ့မှာပဲ PLAတပ်က ဖမ်းဆီးထားတဲ့ ပြည်သူဦးသန်းကို ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူပိုင်ပစ္စည်းများ ပြန်ပေးရန် လူကိုယ်တိုင်စာပို့ညှိုနှိုင်းခဲ့ပေမယ့် မလွှတ်ပေးနိုင်ကြောင်း PLAက အကြောင်းပြန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထပ်မံပြီး တောင်သာမြို့နယ်ပကဖက ခရိုင်အတွင်းနေထိုင်မည်ဆိုပါကတည်ဆဲဥပဒေကိုလိုက်နာရန်ပြာဆိုခဲ့ပြီးနောက် ဇွန်လ၂၂ရက်နေ့ ဒီနေ့ မှာထပ်မံဆက်သွယ်စဉ် ဦးသန်းကို ပြန်လွှတ်ပေးခဲ့တယ်လို့ PLAတပ်ဖွဲ့ကအ ကြောင်းပြန်တယ်လို့ဆိုပါတယ်။
အဲဒီနောက် ဦးသန်းကို ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်မေ့မျောလျှက်ဝဲလောင်းရွာနဲ့ ရွာသစ်ရွာကြားမှာတွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီနောက် ခရိုင်အတွင်းနေထိုင်ခြင်းမရှိ တော့တဲ့ PLAတပ်ဖွဲ့ရဲ့စခန်းနေရာတွေကို ဝင်ရောက်ချိန် ရဲဘော် အိပ်ဆောင် နေရာတွေမှာ မိုင်း ထောင်ထားတာ ကြောင့် PDFရဲဘော်၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
PLAတပ်ဖွဲ့ရဲ့ပြောရေးဆို ခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကလည်း ဦးသန်းကို ဖမ်းဆီးခဲ့တာ မှန်ကန်ကြောင်းကို သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။မိုင်း ထောင်ထားတာဟာလည်း စခန်းလုံခြုံ ရေးအတွက် ထောင်ထားတာဖြစ်ပြီး အချိန်မှီ ရှောင်တိမ်းရတာမို့ မိုင်းရှင်းလင်းရေး မလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းပေါက်ကွဲလို့ထိခိုက်မှုတွေအတွက်ဝမ်းနည်းရတယ်လို့ ရေးသားထားပါတယ်။
ဦးသန်းကိုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ကတော့ ရန်သူနဲ့ပူးပေါင်းလုပ် ဆောင်မှုတွေကို ခိုင်မာတဲ့သက်သေနဲ့ထုတ်ပြမယ်လို့ဆိုထားပါတယ်။
PDF စစ်ရုံးချုပ်ရဲ့ထုတ်ပြန်ချက်မတိုင်ခင် PLA ကဇွန် ၂၂ ရက်ညနေပိုင်းမှာထုတ်ပြန်ရာ NUG လက်အောက်ရှိမြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်ပြီး အင်အား ၅၀ဝ ခန့်နဲ့ တောင်သာမြို့နယ်အတွင်းရှိ PLAအထိုင်စခန်းတွေကိုဝိုင်းဝန်းပိတ်ဆို့ခြင်း၊ ခရိုင်ကွပ်ကဲရေးအမိန့်နဲ့ တာဝန်ဖြင့် သွားလာနေတဲ့ ထောက်ပို့ ရဲဘော် (၂) ဦးအား ဖမ်းဆီးရန် ကြိုးပမ်းတာ ၊ကျေးရွာ ၂ ရွာရှိ PLA အထိုင်စခန်းတွေကိုစီးနင်းတာ ၊ PLA ရဲဘော်တဦးရဲ့အမကို သေနတ်နဲ့ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ ဇွန် ၂၂ ရက် ညနေပိုင်းမှာသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
PLA ရဲ့ထုတ်ပြန်ချက်မှာဖမ်းဆီးထားတဲ့ဒလန် (PLAထုတ်ပြန်ချက်အတိုင်း)တွေအားလုံးကို သိမ်းဆည်းထားတဲ့ ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးရန်၊မြင်းခြံခရိုင်အတွင်းမှPLAတပ်များ အားလုံး ထွက်ခွာပေးရန် မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန်ခံမှ PLAထံ တောင်းဆိုထားတဲ့လို့လည်းအသိပေးထားပါတယ်။
ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး (ဒလန်) တွေ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ (၂)ကြိမ်ရှိပြီ ဖြစ်ပြီး နောက်ထပ် ရန်သူ့သတင်းပေး (ဒလန်)များလွှဲပြောင်းပေးမယ့်အချိန်မှာမိမိ ခြိမ်းခြောက်ပြောဆိုခြင်းနှင့် တပ်အင်အားသုံး ဖိအားပေးသည့် အခြေအနေများ ရှိလာလို့ လွှဲပေးမယ့်အစီအစဉ် ကြန့်ကြာနေရခြင်း ဖြစ်တယ်လို့ PLAက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
PLA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယန္တရားများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေတဲ့ အချိန်မှာယခုလို့ တပ်စခန်းတွေကို အင်အားအလုံးအရင်းသုံး ဝင်ရောက်စီးနင်းခြင်း နှင့် ရန်သူစစ်အုပ်စုကို တိုက်ခိုက်ဖို့ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့တွေကို ထွက်ခွာစေခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မရှိဘူးလို့လည်းဆက်လက်ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းရန်သာ လိုလားပြီး မိမိတို့ဘက်မှ မည်သည့်အခါမှ ကျည်စဖောက်မည်မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
“စခန်းနဲ့မလှမ်းမကမ်းမှာ တွေ့ဆုံညှိနှိုင်းအဖွဲ့တွေနဲ့ စကားပြောနေရင်းတန်း တစ်ယောက်ချင်း မသိမသာထွက်သွားတယ်။ သူတို့ရှောင်ထွက်သွားလို့ စခန်းကိုပြန်တာပဲဖြစ်မှာဆိုပြီး စခန်းကိုလိုက်သွားတဲ့အချိန်မှာ တစ်ယောက်မှမရှိဘူး။ ရဲဘော်တွေက စခန်းထဲဝင်ကြည့်တဲ့အချိန်မှာ မိုင်းနင်းမိတာ”လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
တော်လှန် ရေးတပ်တွေနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးက ” PLA က စခန်းကိုစွန့်ခွာသွားပြီး မိုင်းထောင်ခဲ့တာဗျ။ ကျဆုံးတာကအားလုံးရဲဘော်အဆင့်တွေပဲ”လို့ ပြောပါတယ်
၁၂ဦး ဒဏ်ရာရပြီး လေးဦးကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ရှစ်ဦးဟာဆေးရုံတက် ရောက်ကုသနေရဆဲလို့ ဆိုပါတယ်။
“ကာကွယ်ရေးတပ်တွေက ပိတ်ဆို့တာတွေ၊ လိုက်လံဖမ်းဆီးတာတွေလုပ်မနေပါဘူး”လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။


















































