Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ် ကျေးရွာများရှိ နေအိမ်၂၁လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ တိုက်ပွဲများ ဆက်ဖြစ်လာနိုင်ဟု KNDF အသိပေး

အထက်ပါ လွိုင်လင်းလေး အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သော ကနန်းကွယ်ရွာနှင့် ရေကန်ရွာကြားတွင် ဒီဇင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)နှင့် KNDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ကရင်နီ(ကယား)ဒေသ လွိုင်ကော်မြို့နယ်အတွင်းမှ ကျေးရွားများရှိ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လွိုင်ကော်မြို့နယ် လွိုင်လင်လေးအရှေ့ဖက်ခြမ်းရှိ နောင်မွန်၊ နောင်လုံနှင့် ကွန်နားစသည့် ကျေးရွာများမှ နေအိမ် ၂၁လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အတည်ပြုထုတ် ပြန်သည်။

ထိုကျေးရွားများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်နေ၍ တိုက်ပွဲများ အချိန်မရွေး ထပ်ဖြစ်လာနိုင်သည်ဟုလည်း KNDFက အသိပေးထားသည်။

အထက်ပါ လွိုင်လင်းလေး အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သော ကနန်းကွယ်ရွာနှင့် ရေကန်ရွာကြားတွင် ဒီဇင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)နှင့် KNDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ပြီး ကရင်နီ တပ်မတော်(KA)မှ တပ်ဖွဲ့ဝင်တစ်ဦးကျ ဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook