Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်မြို့နယ် ကျေးရွာများရှိ နေအိမ်၂၁လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ တိုက်ပွဲများ ဆက်ဖြစ်လာနိုင်ဟု KNDF အသိပေး

အထက်ပါ လွိုင်လင်းလေး အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သော ကနန်းကွယ်ရွာနှင့် ရေကန်ရွာကြားတွင် ဒီဇင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)နှင့် KNDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ကရင်နီ(ကယား)ဒေသ လွိုင်ကော်မြို့နယ်အတွင်းမှ ကျေးရွားများရှိ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လွိုင်ကော်မြို့နယ် လွိုင်လင်လေးအရှေ့ဖက်ခြမ်းရှိ နောင်မွန်၊ နောင်လုံနှင့် ကွန်နားစသည့် ကျေးရွာများမှ နေအိမ် ၂၁လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အတည်ပြုထုတ် ပြန်သည်။

ထိုကျေးရွားများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်နေ၍ တိုက်ပွဲများ အချိန်မရွေး ထပ်ဖြစ်လာနိုင်သည်ဟုလည်း KNDFက အသိပေးထားသည်။

အထက်ပါ လွိုင်လင်းလေး အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သော ကနန်းကွယ်ရွာနှင့် ရေကန်ရွာကြားတွင် ဒီဇင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)နှင့် KNDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ပြီး ကရင်နီ တပ်မတော်(KA)မှ တပ်ဖွဲ့ဝင်တစ်ဦးကျ ဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။