Connect with us

Hi, what are you looking for?

သတင်း

ရခိုင်က မြို့နှစ်မြို့ကို AA ကအမည်ပြောင်းဖို့စီစဉ်

ပေါက်တောကို ဝီရဌာနီ ၊ မင်းပြားကို အဉ္ဇနပူရ လို့​ပြောင်းဖို့ကနဦးစဥ်းစား​ထား

(မြို့အမည်​ပြောင်းရန် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုး​နေကြစဥ် ။ဓါတ်ပုံ-APM ၊ONN )

ဇူလိုင်-၂၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်အတွင်းကမြို့နယ်​ပေါင်း ၁၄မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ကပေါက်တောနဲ့ မင်းပြားမြို့တို့ကို အမည်ပြောင်းဖို့ စီစဉ်နေပြီး အခြားမြို့အချို့ကိုလည်းအမည်ပြောင်းဖို့ရှိနေတယ်လို့ နီးစပ်တဲ့သတင်းရင်းတွေ က ပြောကြပါတယ်။

မင်းပြားခရိုင်ထဲက မင်းပြားမြို့ကို အဉ္ဇနပူရ၊ ပေါက်တောမြို့ကို ဝီရဌာနီ စတဲ့နာမည်တွေ ပြောင်းဖို့ စဉ်းစားထားကြပြီး အတည်တော့မဖြစ်သေးဘူးလို့ ဆိုပါတယ်။

“ဒီနှစ်မြို့ကို နာမည်ပြောင်းဖို့က အတည်ဖြစ်သွားပြီ။ ပြောင်းမယ့်နာမည်တွေလည်း စဉ်းစားထားပြီပေ့ါ။အတည်တော့ မဖြစ်သေးဘူး။ ပေါက်တောကို ဝီရဌာနီ၊ မင်းပြားကို အဉ္ဇနပူရဆိုပြီး ပြောင်းဖို့ လတ်တလောစဉ်းစားထား ကြတယ် အထက်က လူကြီးတွေကိုယ်တိုင် နာမည်ပေးတာပါ” လို့ မင်းပြားခရိုင်အုပ်ချုပ်ရေးဝန်ထမ်းတဦးက ပြော ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မြို့အမည်ပြောင်းဖို့ အကြိုအထိမ်းအမှတ်အနေနဲ့ ကားလမ်းမတလျှောက် Green Arakkha စီမံကိန်းနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးနေကြတာတွေ့ရပါတယ်။

အဲဒီသစ်ပင်စိုက် ပျိုးတာကို ခရိုင် ULA ပါတီဝင်တွေနဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံလူငယ်တွေ ပူးပေါင်းပါဝင်နေကြပါတယ်။

အာရက္ခတပ်တော်(AA)က ကနဦးပြောင်းဖို့စီစဉ်ထားတဲ့ အဉ္ဇနပူရဟာ မင်းပြားမြို့နယ်မှာရှိတဲ့ လေးမြို့(အဉ္ဇန)မြစ် ကို အစွဲပြုထားတာလို့ သိရပါတယ်။

ဒါ့အပြင်ပေါက်တောမြို့ကိုတော့ရဲရင့်၊ သတ္တိပြည့်၀တဲ့သဘောဆောင်တဲ့အ နေနဲ့ “ဝီရ ဌာနီ” ဆိုပြီး ထားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ပေါက်တောကတော့ ဝီရဌာနီ အတည်ဖြစ်ဖို့များတယ်။ ပေါက်တောဟာ တိုက်ပွဲကာလမှာ စစ်ကောင်စီဒဏ်ကိုအစောဆုံးခံခဲ့ရတဲ့မြို့ဖြစ်တယ်။ ရဲရင့်တဲ့သတ္တိတွေနဲ့ ခုခံခဲ့လို့ အောင်မြင်ခဲ့တယ်ပေ့ါ။ အဲဒီအထိမ်းအမှတ်နဲ့ လုပ်တယ် လို့ ထင်တယ်” လို့ ပေါက်တောမြို့ခံတဦးက ပြောပါတယ်။

ဒါအပြင်ရခိုင်ပြည်နယ်အတွင်းက အခြားမြို့တွေကိုလည်း နာမည်ပြောင်းဖို့စီစဉ်နေတယ်လို့ နီးစပ်သူတွေက ပြောကြပါ တယ်။ ဒါပေမယ့် ဘယ်မြို့တွေကို ဘယ်လိုနာမည်ပြောင်းမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ULA/AAက ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို ခရိုင် ၇ ခု ပြောင်းလဲဖွဲ့စည်းထားပြီး ချင်းပြည်နယ် ပလက်၀ကိုလည်း ခရိုင်တခု အဖြစ် ပြင်ဆင်ဖွဲ့စည်းထားပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်း ပိုက်ပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရားတွေအပြင် ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်လာနေခဲ့တာပါ။

ဒါအပြင် ရခိုင်ပြည်နယ်မှာ သိမ်းပိုက်ဖို့ကျန်​နေတဲ့ ​ကျောက်ဖြူနဲ့ စစ်​တွေမြို့က စစ်တပ်စခန်း​တွေကိုလည်း AA ကထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ် တော်(AA)ဟာ ကိုယ်ပိုင်ဘဏ်စနစ်တခုကို ထူထောင်ဖို့စီစဉ်နေပြီး လိုအပ်တဲ့ ဝန်ထမ်းတွေခေါ်ယူနေယူ​နေပြီဖြစ်​ကြောင်းနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အခုလာမယ့် မိုးစပါးရာသီအတွက် လယ်သမားတဦးကို ဓါတ်မြေဩဇာ ဆယ်အိတ်စီ ခွဲတမ်းနဲ့ ရောင်းချပေးဖို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနက စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ဆောင်းပါး

ဂမ်ဘီယာကမြန်မာကို တရားစွဲဆိုထားသည့်အမှုမကြာမီICJစီရင်ဆုံးဖြတ်တော့မည်ဟုဆို

သတင်း

ဂွမြို့နယ်မှာ ၂ပတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ၂ဦး သေဆုံး၊ ၂၀ ဒဏ်ရာရ