Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောတွေ ဆန်တက်လာလို့ မြစ်ဘေးကရွာတွေ တိမ်းရှောင်ရ

စစ်ကိုင်းးတိုင်း၊ ဆားလင်းကြီးမြို့နယ်က ချင်းတွင်းမြစ်အတွင်းမှာ စစ်သင်္ဘောတွေ ဆန်တက်လာလို့ မြစ်ဘေးကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

(ဆန်တက်လာသော စစ်သင်္ဘောတစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

ဇူလိုင် ၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းးတိုင်း၊ ဆားလင်းကြီးမြို့နယ်က ချင်းတွင်းမြစ်အတွင်းမှာ စစ်သင်္ဘောတွေ ဆန်တက်လာလို့ မြစ်ဘေးကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆင်ဖြူရှင်တံတားအထက်ဘက်ကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ဖလက်သံခွန် သင်္ဘော ၂၆ စီးနဲ့တိုက်ခိုက်ရေး စစ်သင်္ဘော ၂စီးဟာ ဒီကနေ့ ဇူလိုင် ၄ ရက်မနက်မှာ ပေါင်းဝကျေးရွာအနီးမှ အထက်ကိုဆက်လက် ဆန်တက်နေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက အသိပေးပါတယ်။

စစ်သင်္ဘောတွေက ပစ်ခတ်မှုတွေရှိနေတာကြောင့် မြစ်ကမ်းဘေးကျေးရွာတွေက ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ရွာတွေကတော့ တကြောလုံးပဲ။ ဆားလင်းကြီးနယ်ထဲရောက်နေတာ မြစ်ကမ်းဘေးတလျှောက်ရှောင်ရတယ်။ အဲဒီသင်္ဘောတွေက မုံရွာကိုလာမယ်။ အခါတိုင်းလိုပဲ။ အဲ့ကတဆင့် အထက်တက်မယ်မတက်မယ် မသိရသေးဘူး။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်သင်္ဘောတွေဟာ မြန်မာဝမ်ပေါင်ကုမ္ပဏီက ကြေးနီတွေကို လာရောက်သယ်ဆောင်တာလည်း ဖြစ်နိုင်ကြာင်း ဒေသခံအချို့က ပြောပါတယ်။

ယခုချိန်ဟာ ချင်းတွင်းမြစ်ရေကြီးတဲ့ ကာလဖြစ်ပြီး စစ်တပ်က လက်နက်၊ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ရေကြောင်းကနေ သယ်ယူပို့ဆောင်နေကြောင်း၊ အဲဒီလိုသယ်ဆောင်ချိန် မြစ်ကမ်းဘေးကျေးရွာတွေကို စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခက်တာ ၊ ပါရာမော်တာ ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးသီးချတာတွေ ပြုလုပ်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ပြောပါတယ်။

ဒါ့ကြောင့် စစ်သင်္ဘောတွေ ဖြတ်သန်းချိန် ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့နဲ ဗုံးခိုကျင်းတွေ ခိုင်ခန့်တဲ့အဆောက်အအုံတွေမှာ နေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

Facebook