ဇူလိုင်-၄၊၂၀၂၆။တေဇ/People’s Spring
ရန်ကုန်မြို့ တွံတေးမြို့နယ် တွံတေးတူးမြောင်းနဲ့ ရေမိုင် ၂၀မှာ သင်္ဘော ၂စီး တိုက်မိခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ဆောင်နေရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့(ဇူလိုင် ၄) ည ၉နာရီခွဲကျော်မှာ တိုက်မိခဲ့တာဖြစ်ပြီး တွံတေးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် တစ်စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေးသွားရောက်နေတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
သင်္ဘော ၂စီးတိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဇူလိုင် ၄ ရက်ကစပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ကာမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်ပြီး မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာလည်း ဒီရက်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုတွေရှိပြီး ဒီနေ့တစ်ရက်တည်းမှာ ကမာရွတ် ၊ ဒဂုံ ၊ ကြည့်မြင်တ်ိုင် ၊မရမ်းကုန်း ၊ ဥက္ကံ နဲ့ ကော့မှုး မြို့နယ် တွေမှာ လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်တွေလဲတဲ့အကြောင်း မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။


















































