Connect with us

Hi, what are you looking for?

News

မန္တလေးတိုင်း ပလိပ်မြို့ စည်ပင်ရုံးနှင့် ပလိပ်ရဲစခန်း တိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ထို့အပြင် ပလိပ်မြို့ရဲစခန်းအား HQ မြို့ပြပျောက်ကြားတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရဲစခန်းထဲမှ ရမ်းသမ်းပစ်၍ ပြည်သူတစ်ဦးကျည်ထိမှန်သေဆုံး

မန္တလေးတိုင်း ပလိပ်မြို့ရှိ စည်ပင်သာယာ​ရေးရုံးနှင့် ရဲစခန်းတို့ကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း စဥ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF Sintgaing)က ယနေ့ (ဒီဇင်ဘာ ၂၀)ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို ပလိပ်မြို့ စည်ပင်သာယာ ရေးရုံးအနီး ဗုံးတစ်လုံးဖောက်ခွဲသတိပေးခြင်း၊ ပလိပ်ရဲစခန်းအတွင်းသို့ ဗုံးပစ်တိုက်ခိုက်ခြင်းတို့ကို ယမန်နေ့(ဒီဇင်ဘာ ၁၉)ည ၇ နာရီခန့်တွင် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပလိပ်စည်ပင်ရုံးအနေဖြင့် ဒီဇင်ဘာ ၁၀ရက် အသံတိတ်သပိတ်တွင်ပါဝင်သည့် ပလိပ်စျေးသူ၊ စျေးသားများအား ခြိမ်းခြောက်စာများပေးပို့လာခြင်းကြောင့် စည်ပင်ရုံးအနီး သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု LPDF (Santgaging)က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပလိပ်မြို့ရဲစခန်းအား HQ မြို့ပြပျောက်ကြားတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပလိပ်ရဲစခန်းအား ဗုံးပစ်တိုက်ခိုက်မှုတွင် ရဲစခန်းထဲမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ခြင်းအ​ပေါ် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း LPDF(Santgaging)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

Facebook