Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှု ပြုလုပ်

စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ရန်ကုန်မြို့ လူစည်ကားရာနေရာအချို့မှာ တော်လှန်လူငယ်များစုပေါင်းပြီး (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၇)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၇၊၂၀၂၆/People’s Spring

စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ရန်ကုန်မြို့ လူစည်ကားရာနေရာအချို့မှာ တော်လှန်လူငယ်များစုပေါင်းပြီး (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၇)မှာ ပြုလုပ်ခဲ့ပါတယ်။

တော်လှန်လူငယ်တွေက “၇.၇.၆၂ မမေ့ကြနဲ့” ၊ 7-7-62 DONT FORGET ဟူသော စာတမ်းပါ တီရှပ်များကို ဝတ်ဆင်ပြီး အထိမ်းအမှတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။

အဲဒီလှုပ်ရှားမှုကို ရန်ကုန်မြို့လယ်နေရာတွေမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူငယ်တွေက သမိုင်းဝင် ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးအခင်းနဲ့ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားရဲဘော်များကို အောက်မေ့သတိရစေဖို့၊ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – GSCB

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။