Connect with us

Hi, what are you looking for?

သတင်း

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်ကို ဆက်တိုက်ပွဲဝင်သွားမယ်လို့ ဗကသအဖွဲ့ချုပ် ထုတ်ပြန်

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

(ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၆၄)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင် ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ABFSU)

ဇူလိုင် ၇၊၂၀၂၆။People’s Spring

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇူလိုင် ၇ ရက်မှာ ကျရောက်တဲ့ (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ဒီကနေ့ဟာ ကျောင်းသားရာကျော်အသတ်ခံခဲ့ရပြီး သမိုင်းဝင်သမဂ္ဂအဆောက်အဦအား ဗုံးခွဲဖြိုဖျက်ဆီးခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ပေါ်ပေါက်ခဲ့သည်မှာ (၆၄) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်ရဲ့ သရုပ်သကန်ကို ပထမဆုံးထုတ်ဖော်တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်ရဲဘော်အပေါင်းအား ဗကသများအဖွဲ့ချုပ်က လေးနက်စွာ အောက်မေ့ဦးညွှတ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

​ဆဲဗင်းဂျူလိုင်တိုက်ပွဲဟာ အနှစ်သာရအားဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲပဲဖြစ်ကြောင်း၊ ဗကသများအဖွဲ့ချုပ်ဟာ လူမျိုးပေါင်းစုံပြည်သူလူထုဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ရင်း စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဆင်ခဲ့တာကြောင့် စစ်အုပ်စုရဲ့ အငြိုးထားခြင်းခံရပြီး ရက်စက်စွာနှိမ်နင်းဖြိုခွဲခြင်းကိုလည်း ယနေ့ထက်တိုင် ခံနေရဆဲဖြစ်ကြောင်း ဗကသအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နှစ်ပေါင်းများစွာ ကြာလွန်သွားပေမယ့် ဆဲဗင်းဂျူလိုင်မှာ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားရာကျော်ရဲ့ အရိုးတွေဟာ စစ်အာဏာရှင်တွေ ကျောချမ်းရလောက်အောင် တွန်မြည်နေဆဲဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ မပြီးဆုံးသေးတဲ့ စစ်(၃)စစ် တိုက်ဖျက်ရေးခရီးကြမ်းကို ပြည်သူလူထုနဲ့အတူ ခိုင်မာစွာရပ်တည်ရင်း အောင်ပွဲရသည်အထိ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကို သယ်ပိုးကာ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပါတယ်။

ဒီကနေ့မှာကျရောက်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အပါအဝင် ဒေသအချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

၁၉၆၂ ဇူလိုင် ၇ ရက်က အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်တက္ကသိုလ်က ကျောင်းသား ၅,၀၀၀ ခန့် တက်ရောက်တဲ့ ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ ကျောင်းသား ၁၀၀ကျော် သေဆုံးပြီး ၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေထွက်ခဲ့ပြီး စစ်တပ်ကတော့သေဆုံးသူ ၁၅ ဦးလို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်နေ့ မနက်အစောပိုင်းမှာတော့ စစ်တပ်ဟာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (RUSU) အဆောက်အအုံကို မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။