Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုရင်း၊ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရှုတ်ချ

ကချင်ပြညနယ်၊ဖားကန့်မြို့နယ်မှာ၊ဖားကန့်မှော်လှည့်သပိတ် စစ်ကြောင်းမှတော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့မှာ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်းနဲ့အတူ မြစ်ဆုံစီမံကိန်းအား လုံးဝလက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ဖားကန့်မှော်လှည့်သပိတ်

ဇူလိုင်-၁၉၊၂၀၂၆။သုည/People’s Spring

ကချင်ပြညနယ်၊ဖားကန့်မြို့နယ်မှာ၊ဖားကန့်မှော်လှည့်သပိတ် စစ်ကြောင်းမှတော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့မှာ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်းနဲ့အတူ မြစ်ဆုံစီမံကိန်းအား လုံးဝလက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မိုး​တွေရွာသွန်း​နေတဲ့ကြားကပဲမှော်လှည့်သပိတ်မှ တော်လှန်ပြည်သူတွေက (၇၉)နှစ်မြောက် အာဇာနည်နေ့အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျဆုံးသွားသော အာဇာနည်ပုဂ္ဂိုလ်တွေကို လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ အရေးတော်ပုံအဆင့်ဆင့်နဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော အာဇာနည်သူရဲကောင်းတွေကို လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်ကျဆုံးသွားတဲ့ အာဇာနည်တွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အသက်သွေးတို့နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံကို အရင်းအနှီးပြုပြီး ပြည်သူ့သဘောထားမပါဘဲ ဖိအားပေးဆောင်ရွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ပြတ်သားစွာ ကန့်ကွက်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။