Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စားသောက်ကုန်၊ လူသုံးကုန် အတုတွေ ထုတ်လုပ်ရောင်းချနေတဲ့ ဂိုဏ်းတစ်ခုကို ထိုင်းမှာ ဖမ်းမိ

စျေးကွက်ထဲ စားသောက်ကုန်နဲ့ လူသုံးကုန် အတုတွေ ဖြန့်ဝေနေတဲ့ ဂိုဏ်းတစ်ခုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို (CIB)က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - CIB THAILAND

စျေးကွက်ထဲ စားသောက်ကုန်နဲ့ လူသုံးကုန် အတုတွေ ဖြန့်ဝေနေတဲ့ ဂိုဏ်းတစ်ခုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို (CIB)က ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိူင် ၂၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ CIBက လက်အောက်ခံ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုမျိုး နှိမ်နင်းရေး ဌာနခွဲ တာဝန်ရှိသူတွေဟာ Nescafe၊ Ovaltineနဲ့ Downyစတဲ့ အမှတ်တံဆိပ်တွေရဲ့ ပစ္စည်းအတုတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ကြေညာသွားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်လို့ ထိုင်းနိုင်ငံသား ၄ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။ သူတို့တွေဟာ မှတ်ပုံတင်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို အတုပြုလုပ်မှု၊ ဖြန့်ဖြူးရောင်းချမှု၊ တခြားလူပုဂ္ဂိုလ်တွေရဲ့ အချက်အလက်တွေကို ခိုးယူ အသုံးပြုမှုစတဲ့ စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သံသယတရားခံ ၄ ဦးကိုတော့ ဆာရာဘူရီ ပြည်နယ်၊ ချာလောင်ဖရာကစ် ခရိုင်ထဲက ကုန်လှောင်ရုံ တစ်ခုနဲ့ ဘန်ကောက်မှာရှိတဲ့ သောင်ခရူ ခရိုင်ထဲက နေအိမ်တစ်လုံးတို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘန်ကောက်မှာရှိတဲ့ တွန်ဘူရီမှာ ကုန်စုံဆိုင် ပိုင်ရှင်တွေ၊ သုံးစွဲသူတွေက တချို့သော လူသိများတဲ့ ကုန်စည် အမှတ်တံဆိပ်တွေကို သာမန်ထက် အရမ်းလျော့တဲ့စျေးနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းတဲ့ အရောင်းသမားတွေကို တွေ့နေရကြောင်း ဆက်သွယ် သတင်းပေးခဲ့တဲ့အတွက် ရဲတွေက အရေးယူ စုံစမ်းမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုအရ သံသယရှိသူတွေဟာ အမှတ်တံဆိပ်အတု ကုန်ပစ္စည်းတွေကို အလုံးအရင်း ထုတ်လုပ်တာ၊ ထုပ်ပိုးတာတွေ လုပ်နေခဲ့တယ် ဆိုတာကို အတည်ပြု တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းဧရိယာတွေက သန့်ရှင်းမှု အားနည်းလွန်းသလို အသုံးပြုတဲ့ စက်ပစ္စည်းတွေကလည်း အရည်အသွေး စံမမီကြောင်း၊ ဒါ့အပြင် သုံးစွဲသူတွေကို ထိခိုက်စေနိုင်တဲ့ ဓာတုဗေဒ ပစ္စည်းတွေ ရောနှောပါဝင်နိုင်ခြေလည်း မြင့်မြင့်မားမား ရှိနေကြောင်း ရဲတွေက ပြောပါတယ်။

အာဏာပိုင်တွေဟာ ခန့်မှန်းခြေ ကာလတန်ဖိုး ဘတ် ၂.၆ သန်းလောက်ထိ များပြားနိုင်တဲ့ ကုန်ပစ္စည်းအတု ၂၂၆၇၂၀ ခုကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီထဲမှာ အမှုန့်နဲ့ အရည်အမျိုးမျိုး ထုပ်ပိုးစက် ၄ လုံး၊ Nescafe ကော်ဖီ ကတ်ထူ သေတ္တာ ၉၀၊ Downy အဝတ်လျှော် ဆပ်ပြာမှုန့် သေတ္တာ ၁၄၉ လုံး၊ Ovaltine cocoa ဖျော်ရည်ဘူးတွေ ထည့်ထားတဲ့ သေတ္တာ ၁၁၃ လုံးတို့လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ အဖွဲ့ဟာ ကော်ဖီမှုန့်၊ Cocoaမှုန့်၊ နို့မှုန့်နဲ့ နို့ထွက်ပစ္စည်းမဟုတ်တဲ့ ခရင်မ် အမှတ်တံဆိပ် အတုတွေကိုလည်း ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရသူ ၄ ဦးစလုံးက ပြစ်မှုတွေကို ဝန်ခံထားပါတယ်။ သူတို့ကို စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုမျိုး နှိမ်နင်းရေး ဌာနခွဲ တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ တရားစွဲဆိုမှုတွေ လုပ်ဆောင်ဖို့ ဆက်လက် ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

ကိုးကား: CIB

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။