Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မှာ သမဂ္ဂရုံးခန်းစီးနင်းခံရပြီး ဗကသရဲဘော် ၃ ဦး သတ်ဖြတ်ခံရမှု (၃)နှစ်ပြည့် လှုပ်ရှားမှုပြုလုပ်

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring

ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး မြို့နယ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ဗကသရဲဘော် ၃ ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီဖြစ်စဥ် (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ဇူလိုင် ၂၅ ရက်က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်‌။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပြီး အခြား ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်သမဂ္ဂတွေဖြစ်တဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂတို့အပြင် ဒေသတွင်းမဟာမိတ်အင်အားစုတွေနဲ့ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံံ-သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပြည်သူ ကာကွယ်‌ရေးအဖွဲ့ကနေ ရပ်/ရွာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဥ် (၁) မွမ်းမံသင်တန်းပေးခဲ့ရာ သင်တန်းသား ၁၅၀ တက်ရောက်ခဲ့တယ်လို့ ဘုတလင်ကပဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။