Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓါးနဲ့ထိုး

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

(ရာအိမ်မှူးကို ဓားနဲ့ဝင်ထိုးခဲ့တဲ့ စစ်မှုထမ်းပြန်လူငယ် ဓာတ်ပုံံ-စကစ)

သြဂုတ် ၁၂၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

မနေ့က သြဂုတ် ၁၁ ရက် ည ၇ နာရီခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၇လမ်းနဲ့၂၈ လမ်းကြားမှာ နေထိုင်တဲ့ အကွက်မှူးတာဝန်ထမ်းဆောင်တဲ့ (၆၃)နှစ်အရွယ်နိုင်ဝင်းဟာ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် စစ်မှုထမ်းအပတ်စဉ်(၂)က ပြန်လာသူက ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့ကြောင်း စစ်ကောင်စီထောက်ခံ တယ်လီဂရန်ချန်နယ်တွေက ဖော်ပြပါတယ်။

“လက်ဖက်ရည်ဆိုင်ထဲအထိ ဝင်ထိုးသွားတာ။ ဝင်ထိုးတဲ့သူကတော့ ထွက်ပြေးသွားတယ်။ အကွက်မှူးကတော့ မန္တလေးဆေးရုံကြီးမှာ”လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓါးနဲ့ထိုးသွားတဲ့ စစ်မှုထမ်းပြန်ကို သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၈)ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ ဘာကြောင့်ထိုးရတယ်ဆိုတာ မသိရသေးပေမဲ့ စစ်မှုထမ်းထည့်ခံရလို့ ပြန်ထွက်လာချိန် ရာအိမ်မှူးကို လက်တုံ့ပြန်တာဖြစ်နိုင်ကြောင်း ဒေသခံအချို့က ခန့်မှန်းပါတယ်။

ဓားထိုးခံရမှုကြောင့် နိုင်ဝင်းဟာ နောက်ကျောထိုးသွင်းဒဏ်ရာ ၁ ချက်၊ လက်ဝဲဂျိုင်းအောက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ လက်ဝဲရင်ဘက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ လက်ဝဲလက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာဘက်ရင်ဘက်ပြတ်ရှဒဏ်ရာ ၁ ချက်တို့ အသီးသီး ရရှိခဲ့ကြောင်း သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေဟာ စစ်မှုထမ်းကြေး ကောက်ခံတာ၊ စစ်မှုထမ်းရှောင်သူတွေဆီကနေ လာဘ်ငွေရယူတာ၊ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူတွေဆီကနေ ငွေရတာ၊ ဧည့်စာရင်းကြေးကောက်ခံတာ စတဲ့ လုပ်ငန်းတွေကနေ ငွေပြေးအများအပြား ရရှိနေပြီး စစ်အုပ်စုနဲ့ပေါင်းကာ ပေါ်တာဆွဲတဲ့အလုပ်တွေမှာပါ ပံ့ပိုးနေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။