Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာပြည်သူသိန်းချီရေဘေးသင့်ချိန် စစ်ကိုင်းမြို့အခြေစိုက်တပ်မ(၃၃) ​ရေ​ဘေးမကူဘဲ ရခိုင်ကိုတန်ပြန်ထိုးစစ်ဆင်မယ်ဆိုပြီးတပ်တွင်း သင်တန်းပေးနေ

စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။

(စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲမှာ တပ်မ (၃၃)လက်​အောက်ခံ စစ်တပ်စစ်​ကြောင်းကသေဆုံးစစ်သား​တွေဆီက သိမ်းဆည်းရရှိတဲ့စစ်အသုံးအ​ဆောင်ပစ္စည်း​တွေ )

ဩဂုတ်-၁၃၊၂၀၂၆။​မေ/People’s Spring

စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အ​ခြေစိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်မ(၃၃ ) ​အောက်မှာ ခလရ(၄)၊ခလရ(၁၁)၊ခလရ(၄၂)၊ခလရ(၇)၊ခမရ(၁၁)၊ ခမရ(၁၂)၊ခမရ(၁၃)၊ခမရ(၁၁၆)ခမရ(၁၁၉)၊ခမရ(၁၁၁) စတဲ့တပ်ရင်း(၁၀)ရင်းရှိပါတယ်။ အဲဒီတပ်တွေအားလုံးပြီးခဲ့တဲ့ဇူလိုင်လမှာ စစ်ကိုင်း၊ကချင်နယ်စပ်ရှေ့တန်းတိုက်ပွဲ တွေက နေ နောက်တန်းတပ်ရင်းကိုပြန်လာခဲ့ကြပါတယ်။အဲဒီတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်းကမြို့နယ်တွေနဲ့ မန္တလေးတိုင်းကပုသိမ်ကြီးမြို့နယ်တို့မှာ အ ခြေစိုက်ထားတာပါ။အဆိုပါစစ်​ကြောင်း​တွေဟာ စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်တိုက်ပွဲ​တွေမှာ ​သေဆုံးဒဏ်ရာရသူ​တွေများခဲ့သလိုပြန်ဆုတ်စဥ်မှာ ရပ်ရွာ​တွေထဲက​ရေ​တွေကို အဆိပ်ခတ်သွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

အဆိုပါတပ်ရင်းတွေအခြေစိုက်ထားတဲ့ မန္တလေးတိုင်းကပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းအပါအဝင် စစ်ကိုင်းတိုင်းကမြို့နယ်အများစုမှာ ရေ ဘေးသင့်ကာပြည်သူ ၂၅ ဦးခန့် သေဆုံးခဲ့တာပါ။ ဒါ​ပေမယ့် တပ်မ(၃၃)ရဲ့ လက်အောက်ခံတပ်ရင်း တွေဟာ​ရေ​ဘေး ကူညီ‌‌ကယ်‌ဆယ်ရေးမလုပ်ဘဲ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ပညာမွမ်းမံ သင်တန်း ဆိုပြီး သင်တန်း တွေပေး နေတာလို့ စစ်တပ်နဲ့ နီးစပ်သူ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အစကသင်တန်းပေးဖို့အစီစဉ်မရှိဘူးထင်တယ်။ရေဘေးတွေဖြစ်တော့မှရုတ်တရက်ကြီး သင်တန်းတွေတက်နေရတာ။အရာရှိတွေပါ မွမ်းမံသင်တန်းတက်နေရတယ်”လို့ စစ်တပ်မိသားစုဝင်တဦးကပြောပါတယ်။

အာရက္ခတပ်​တော်က ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ​ကျောက်ဖြူ ၊စစ်​တွေ ၊မာန်​အောင် မြို့နယ်တို့မှအပ ကျန် ၁၄ မြို့နယ်စလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါအပြင် အခုအခါ AA က သိမ်းဖို့ကျန်​နေတဲ့ စစ်​​တွေ နဲ့ ​ကျောက်ဖြူက စစ်တပ်စခန်း​တွေ၊တပ်ရင်း​​တွေ ၊ဌာနချုပ်​တွေကိုပါ သိမ်းပိုက်ဖို့ထိုးစစ်ဆင်​နေပါတယ် ။ စစ်တပ်ကရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်​တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ​ဒေသချင်းဆက်စပ်​နေတဲ့ မ​ကွေး ၊ပဲခူး ၊ဧရာဝတီ ၊ချင်းပြည်နယ်​တွေက​နေ တန်ပြန်ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေပျက်ပြီး ​ရှေ့မတိုးနိုင်ဘဲတပ်လန်ကျ​နေတာဖြစ်ပါတယ် ။ ​ကျောက်ဖြူနဲ့စစ်​တွေမှာလည်း တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့စစ်တပ်စစ်​ကြောင်း​​တွေ အထိနာ​ပြီး​ရှေ့မတိုးနိုင်ပါဘူး။

ဒါ​ပေမယ့် စစ်တပ်က ရခိုင်ပြည်နယ် နဲ့ ဆက်စပ်​ဒေသ တပ်အ​ပြောင်းအလဲလုပ်လို့ပြန်​ရောက်တဲ့စစ်​ကြောင်း​တွေကို ​အောင်ပွဲရစစ်သား​တွေကို ကြိုဆိုတယ်ဆိုပြီး မကြာခဏဝါဒဖြန့်​နေပါတယ် ။

စစ်ကိုင်းတိုင်းမှာရေဘေးကူညီရေးမလုပ်တဲ့ စစ်အုပ်စုဟာ ကူညီရေး သွားတဲ့ မန္တလေး မြို့ကပြည်သူတွေကိုစစ်ကိုင်းတံတားကနေ ပြန်လွှတ်ခဲ့သလိုအဖွဲ့အစည်းတွေကိုလည်းရုံချုပ်အထိစစ်ဆေးတာတွေပြုလုပ် နေတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကိုင်းတိုင်းမှာ​ရေ​ဘေးသင့်ပြည်သူနှစ်သိန်း​​ကျော်ရှိပြီး ​ရေ​ဘေး​ကြောင့် ​ကယ်ဆယ်​ရေးလုပ်​နေတဲ့ တော်လှန်​ရေးရဲ​ဘော်အချို့အပါအဝင် ၂၀ ​ကျော်​သေဆုံးခဲ့ပါတယ် ။

စစ်ကိုင်းတိုင်းကရေဘေးသင့်မြို့နယ် ၁၇ မြို့နယ်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့ကအရေးပေါ်တုန့်ပြန်ဆောင်ရွက် ရေးပူး ပေါင်း ကော်မတီကိုဖွဲ့စည်းကာ ကယ်ဆယ် ရေးလုပ်ငန်း တွေဆက်တိုက်ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ NUG လက်​အောက်ခံ ပသုံးလုံးနဲ့ PDF တွေ ၊သပိတ်အဖွဲ့​​တွေ ၊စစ်​ဘေး​ရှောင်ကူညီ​ပေး​နေတဲ့လူမှု​ရေးအသင်းအဖွဲ့​တွေ ၊​ဒေသခံ​တွေက ​အ​ရေး​ပေါ်ကယ်ဆယ်​ရေးကို ဝိုင်းဝန်းလုပ်​​နေကြပါတယ်။စစ်တပ်က စစ်တပ်လက်​အောက်ခံပျူ​စောထီးရွာအချို့ကိုသာကူညီတာရှိပြီး ​ရေ​ဘေးသင့် ​ဒေသ​တွေကိုပါ ဗုံးကြဲတိုက်ခိုက်တာ​တွေလုပ်​နေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်​နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ​ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေကြီးမှုကြောင့် စိုက်ပျိုးဧကပေါင်း ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။