Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၆)ဒေသ နှစ်ရက်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၉ဦးသေ၊ ၁၁ဦးဒဏ်ရာရ

KNU တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသ၌လည်း ဒီဇင်ဘာ ၁၅ရက်မှစ၍ KNU၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်နီးပါးတိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြီး အထိနာလျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၆)နယ်မြေတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေ ၊ ၁၁ဦးဒဏ်ရာရခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ယနေ့ သတင်းထုတ်ပြန်သည်။

တပ်မဟာ(၆)နယ်မြေတွင် ဒီဇင်ဘာ ၂၀ရက်နှင့် ၂၁ရက်တို့၌ တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၁ရက်က ဒူးပလာယာခရိုင်၊ ကော့နွဲကျေးရွာ အာရှလမ်းမ၌ ထိပ်တိုက် ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ တပ်ခွဲမှူးတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦးဒဏ်ရာရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ရက်တွင် လည်း ကောတာကလားဒေသနှင့် မော်မောင်းထာ့နှင့် ကလား မရွှေဒေသ၌ တစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

KNU တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသ၌လည်း ဒီဇင်ဘာ ၁၅ရက်မှစ၍ KNU၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်နီးပါးတိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြီး အထိနာလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။