Connect with us

Hi, what are you looking for?

သတင်း

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား KNU နယ်မြေတွေမှာ ကျင်းပ ၊ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေ တက်ရောက်

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ − KNU

ဩဂုတ်−၂၉၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပရတာဟာ ကရင်အမျိုးသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေးအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ကရင်အမျိုးသားများအကြား စည်းလုံးညီညွတ်မှု ပိုခိုင်မာစေရေး အတွက် ရည်ရွယ်ကြောင်း အသိပေးပါတယ်။

အခမ်းအနားကို KNU အုပ်ချုပ်ရေးနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ၊ ပြည်သူတွေ စုစုပေါင်း လူဦးရေ ၅၀၀ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အခမ်းအနားကို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာ ပေးပို့ခဲ့အခုလို လက်ချည်ခြင်း(ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း)အလေ့အထဟာ ယုံကြည်ကိုးကွယ်ခြင်း၊ ဘာသာတရားများရဲ့ အလေ့အထမဟုတ်ဘဲ ကရင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ ရိုးရာဓလေ့၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတရပ်ဖြစ်ကြောင်း ရှင်းပြပါတယ်။

“ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသည် ရပ်ဝေး၊ ရပ်နီးတို့တွင်ရှိကြသော မိသားစု၊ ဆွေမျိုးများ ပြန်လည် စုရုံးလျက် လက်ချည်ခြင်း၊ ကွဲပြားဝေးကွာ လွင့်ပျံ့နေကြသော မိသားစုဝင် အသီးသီးတို့၏ အားမာန်၊ စိတ်နှင့် ခန္ဓာကို ပြန်လည်စုစည်းစေခြင်းဖြစ်ပါသည်” လို့ KNU ဥက္ကဋ္ဌ က ပြောပါတယ်။

အခုလို အခမ်းအနားတွေကို KNU ခရိုင်နဲ့ တပ်မဟာ အသီးသီး နယ်မြေမှာ ကျင်းပခဲ့ကြတာလည်း တွေ့ရပြီး အခမ်းအနားမှာ ရိုးရာဒုံးအကတွေ ကကြတာ၊ တေးသီးချင်းတွေ သီဆိုတာတွေလည်း ပါဝင်ပါတယ်။

ကရင်ရိုးရာချည်ဖြူဖွဲ့ရာတွင် ရိုးရာအဓိပ္ပာယ်များ ကိုယ်စီရှိတဲ့ ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီး၊ ကြံ၊ ချည်ဖြူ၊ နတ်ပန်းညိုနဲ့ ရေတစ်ခွက် စတဲ့ ပစ္စည်း (၇) မျိုးကို ဆန်ကောအတွင်း ထည့်သွင်းကာ ရိုးရာဓလေ့အတိုင်း အသုံးပြုကြတာပါ။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားဟာ ကရင်အမျိုးသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေးအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ်ပေးတဲ့အပြင် မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းများနဲ့ ကိုယ်ပိုင်လက္ခဏာကို သိရှိနားလည်ပြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အရေးပါတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း KNUက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးစကား ဟန်ပြပြောနေပြီး နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ၌ ယခုနှစ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူ ၁၅၀ ဦး ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ဟု KNU ဗဟိုက ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ထုတ်ပြန်သည်။

ဆောင်းပါး

စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ ရဲဘော်တွေ ပြောဆိုလေ့ရှိတဲ့ ဗန်းစကားတစ်ခုရှိပါတယ်။ ‘ပွဲကတယ်’ဆိုတဲ့ စကားပါ။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်များများရှိ ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ၍ ကလေးငယ်များအပါအဝင် ပြည်သူ ထိခိုက်မှုများရှိခဲ့ကြောင်း KNU ဗဟိုက ဧပြီ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြုံရပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေ၍ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူ သေဆုံးထိခိုက်မှုများ ဆက်ရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။