Connect with us

Hi, what are you looking for?

News

မြန်မာတစ်နိုင်ငံလုံး No-flight Zone သတ်မှတ်ပေးရန် ကျောင်းသားသမဂ္ဂများ ကုလထံ တောင်းဆို

မြန်မာတစ်နိုင်ငံလုံးအား No-flight Zone အဖြစ်သတ်မှတ်ပေးရေး ကုလသမဂ္ဂထံတောင်းဆိုချက်ကို တစ်နိုင်ငဲလုံးရှိ တက္ကသိုလ်အသီးသီးမှ သမဂ္ဂများ၊ အ​ခြေခံပညာကျောင်းသားသမဂ္ဂများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်၊ မြို့နယ် ကျောင်းသားသမဂ္ဂများအပါင်အဝင်သမဂ္ဂပေါင်း ၂၀၀ကျော်က စုစည်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးအား No-flight Zoneအဖြစ်သတ်မှတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ထံ ကျောင်းသားသမဂ္ဂများက စုပေါင်းတောင်းဆိုလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူထားသည့် ကျောင်းသားသမဂ္ဂများ၏ တောင်းဆိုချက်များပါစာတွင် အချက်(၂)အား တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်(၂)ချက်မှာ ကရင်အမျိုး သားအစည်းအရုံး(KNU)မှ ထုတ်ပြန်ခဲ့သော လေးကေ့ကော်မြို့သစ်အား No-flight Zone အဖြစ် သတ်မှတ်ပေးရေးကိစ္စအား ထောက်ခံကြောင်းနှင့် ထိုအချက်အား ကုလသမဂ္ဂမှ အမြန်ဆုံးအကောင်အထည်ဖော်ပေးရန်၊ လက်ရှိတွင် တစ်နိုင်ငံလုံးနီးပါး စစ်တပ်၏အကြမ်း ဖက်ထိုးစစ်ဆင်မှုများတွင် လေကြောင်းပစ် ခတ်မှုများကိုပါ အသုံးပြုလာခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် No-flight Zone အဖြစ်သတ်မှတ်ပေးရန်တို့ ဖြစ်သည်။

“အကြမ်းဖက်စစ်တပ်သည် နိုင်ငံအနှံ့ရှိရွာများ၊ မြို့များတွင် အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်သုံ့ပန်းအဖြစ်အသုံးချခြင်း၊ လူသားတံတိုင်းပြုလုပ်ခြင်း၊ ပြည်သူ့ပိုင်ဆိုင်မှုများ ခိုးယူဖျက်စီးခြင်း၊ ရွာလုံးကျွတ်မြို့လုံးကျွတ်မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူအုပ်စုလိုက်အား နှိပ်စက်သတ်ဖြတ်မြေမြှုပ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကိုအဓမ္မပြုကျင့်ခြင်း စသည့် ဆိုးဝါးပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများ ကျူး လွန်လျက်ရှိသည်”ဟု ကျောင်းသားသမဂ္ဂများက ထောက်ပြ သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်လည်း အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့ပြည်သူများအား ဝေဟင်မှပစ်ခတ်သတ်ဖြတ်မှုများကျူးလွန်လျှက်ရှိရာ ယမန်နေ့(ဒီဇင်ဘာ ၂၃)ရက်ကပင် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တို့၌ ဝေဟင်မှ ဗုံးကျဲတိုက်ခိုက်ခြင်းများရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံပြည်သူများအနေဖြင့် နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်အားကိုးဖြင့် အကြမ်းဖက်အုပ်ချုပ်လာသည့် စစ်တပ်အား ခုခံတော်လှန်ခဲ့ရသည့်အပြင် ယခုအခါ အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီကစပြီး ဒီမိုကရေစီအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်ဟုလည်း ကျောင်းသားသမဂ္ဂများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာတစ်နိုင်ငံလုံးအား No-flight Zone အဖြစ်သတ်မှတ်ပေးရေး ကုလသမဂ္ဂထံတောင်းဆိုချက်ကို တစ်နိုင်ငဲလုံးရှိ တက္ကသိုလ်အသီးသီးမှ သမဂ္ဂများ၊ အ​ခြေခံပညာကျောင်းသားသမဂ္ဂများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်၊ မြို့နယ် ကျောင်းသားသမဂ္ဂများအပါင်အဝင်သမဂ္ဂပေါင်း ၂၀၀ကျော်က စုစည်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။