Connect with us

Hi, what are you looking for?

သတင်း

ကချင်မှပြန်လာတဲ့စစ်သင်္ဘောတွေ​ပေါ်ကဒဏ်ရာရစစ်သား​တွေကို ပြင်ဦးလွင်စစ်ဆေးရုံပို့

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

(ဗန်း​မော်က​နေ မန္တ​လေး​ဂေါ်ဝိန်ဆိပ်ကမ်းပြန်​ရောက်လာတဲ့ စစ်တပ်သင်္ဘောတစ်စီး။ ဓါတ်ပုံ-စစ်​ကောင်စီ)

စက်တင်ဘာ-၂၁၊၂၀၂၆။ရှိန်း/People’s Spring

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

၂၀၂၅ခုနှစ်၊ဇူလိုင်လ ကတည်းက မန္တလေးမြို့က​နေ ဗန်းမော်မြို့ကိုပို့ထားတဲ့ စစ်သား​တွေထဲက ဒဏ်ရာရစစ်သားတွေပြန်ခေါ်လာတဲ့ စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၂၁ရက်မနက်ပိုင်းမှာ မန္တလေးဆိပ်ကမ်းကို ကပ်ခဲ့ပါတယ်။ဆိပ်ကမ်းမှာလူနာတင်ကားတွေအပါအဝင်ကားအစီးရေ ၂၀ လောက်နဲ့ မန္တလေးနန်းတွင်းထဲကိုစစ်သား​တွေကိုသယ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ၂၀၂၄ ကတည်းဗန်း​မော်ကိုပို့ထားတဲ့စစ်သားအချို့လည်းပြန်ပါတယ်လို့သတင်းရရှိပါတယ်။

“အပြန်မှာ တော်တော်ဆိုးတယ်အတိုက်ခံရတာ။ဒဏ်ရာ ရတဲ့သူ တွေလည်းများတယ်။အရင်ကတည်းကတိုက်ပွဲမှာဒဏ်ရာရတဲ့သူတွေနဲ့ တခြားသူနည်းနည်းတပ်အချိန်းလုပ်တာ လမ်းမှာလှိမ့်နေအောင်အဆော်ခံရတယ်”လို့ စစ်သားတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တ​လေးမြို့မှာ ဒဏ်ရာရစစ်သားတွေ​ဆေးကုသဖို့ ဝန်ထမ်းအင်အားနဲ့ ဆေးအင်အားအလုံ အလောက်မရှိတာ ကြောင့် ပြင်ဦးလွင် စစ်ဆေးရုံကိုချက်ချင်းပို့တာတွေလည်းရှိတယ်လို့ဒေသခံ တွေကပြောပါတယ်။

ဗန်းမော်မြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ၂၀၂၅ခုနှစ်မှာ ဧရာဝတီမြစ်ကြောင်းကနေ စစ်သားအင်အားထောင်ချီပို့ခဲ့တာဖြစ်ပါတယ်။ဗန်း​မော်မြို့မှာ တိုက်ပွဲ​တွေဆက်လက်ဖြစ်ပွားခဲ့သလို တပ်အ​ပြောင်းအလဲလုပ်လို့ မန္တ​လေးပြန်လာချိန်မှာလည်း KIAနဲ့ ပူး​ပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ်သင်္ဘောတွေ မီးလောင်ခဲ့သလို ဒဏ်ရာရသူ တွေလည်းများခဲ့ပါတယ်။ ဒါ​ကြောင့် ဒဏ်ရာပြင်းထန်တဲ့စစ်သား​တွေကိုသပိတ်ကျင်းမြို့မှာအ​ရေး​ပေါ် ချခဲ့​သေးတယ်လို့လည်း စုံစမ်းသိရပါတယ်။

ဩဂုတ်လ၂၁ရက်နဲ့ စက်တင်ဘာလ၄ ရက်နေ့ကလည်း နောက်ထပ် သင်္ဘောအစီးရေ စုစုပေါင်း၅၀ ကျော်နဲ့ စစ်တပ်က စစ်ကူနဲ့လက်နက်ခဲယမ်း၊ရိက္ခာ​တွေထပ်မံပို့ခဲ့ပေမယ့် KIAနဲ့ ပူး ပေါင်းတပ်က စစ်တပ်ရဲ့သင်္ဘောအစီးရေ (၂၀) ဝန်းကျင်ကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါ့အပြင် စစ်တပ်သင်္ဘော ၂ စီးက တိုက်ခိုက်ခံရပြီး KIA ထံလက်နက်ချခဲ့ပါတယ် ။

ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာ စစ်တပ်ရဲ့သင်္ဘောအစီး (၂၀)ဝန်းကျင်တိုက်ခိုက်ခံခဲ့ရတဲ့အပြင် စစ်သားရာနဲ့ချီ ​သေဆုံး ၊ဒဏ်ရာရခဲ့ပါတယ် ။ဒါအပြင်စစ်သား နဲ့ စစ်သားမိသားစုဝင် စုစု​ပေါင်း ၁၅၀ ​ကျော် KIA ပူး​ပေါင်းတပ်ထံလက်နက်ချခဲ့ပါတယ် ။စစ်တပ်သင်္ဘော​တွေ လုံခြုံ​ရေး ယူ​ပေးတဲ့ ကြည်း​ကြောင်းက စစ်သား​တွေကိုလည်း KIA ပူး​ပေါင်းတပ်ကတိုက်ခိုက်လို့ ​သေဆုံး ဒဏ်ရာရသူများပြီးစစ်​ကြောင်းအချို့ ပျက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။