Connect with us

Hi, what are you looking for?

အတွေးအမြင်

“ဘဝသေ မင်းတရားခံကြီး”

ဖြစ်ချင်တာကတော့ ဘဝရှင်မင်းတြားကြီးပေါ့။

ခက်တာက “ဗလကြည့်တော့ ဝတ်ရုံတော်နဲ့မဆန့်မပြဲ၊ ဇကြည့်တော့ ပါးကွက်သားငနဲ၊ ပါးစပ်ဟတာနဲ့ ပေါက်ပန်းလေဆယ် အံကျမြဲ”ဆိုတာမျိုး ဖြစ်နေလေရဲ့။

မသီတာ-စမ်းချောင်း​ ရေးသားသည်။

ဖြစ်ချင်တာကတော့ ဘဝရှင်မင်းတြားကြီးပေါ့။

ခက်တာက “ဗလကြည့်တော့ ဝတ်ရုံတော်နဲ့မဆန့်မပြဲ၊ ဇကြည့်တော့ ပါးကွက်သားငနဲ၊ ပါးစပ်ဟတာနဲ့ ပေါက်ပန်းလေဆယ် အံကျမြဲ”ဆိုတာမျိုး ဖြစ်နေလေရဲ့။

ခုရက်ပိုင်း သတင်းလူသားဖြစ်နေတဲ့ ဘဝသေ မင်းတရားခံကြီးရဲ့ ဖြစ်ရပ်ကို ကြည့်တဲ့အခါ တရားခံကြီးဘက်က မခံမရပ်နိုင်ဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းအင်တာဗျူးသူကို ကလိမ်ကကျစ်လို့ စွပ်စွဲတာနဲ့အတူ ပြန်ကြားရေးကနေ မူရင်းအင်တာဗျူးကို ထုတ်လွှင့်ချက်လည်း ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါနဲ့ပဲ အောင့်အည်းသည်းခံကာ ထုတ်လွှင့်ချက်ကိုကြည့်ပြီး ဘယ်သူက ကလိမ်ကကျစ် လုပ်ခဲ့သလဲဆိုတာကိုဆန်းစစ်ရတော့တာပေါ့။

Public Service Announcement

Public Service Announcement

တိုင်းမ်မဂ္ဂဇင်းက အင်တာဗျူး တောင်းတဲ့အခါ “မြန်မာနိုင်ငံအတွက် သာယာတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဖော်ဆောင်ပေးမည့် လမ်းပြမြေပုံနှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားနိုင်မည့် အခွင့်အရေး၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုများကို အဘယ်ကြောင့် ရုပ်သိမ်းသင့်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်နှင့် အမေရိကန်ပြည်သူများထံ ရှင်းလင်းပြောကြားနိုင်မည့် အခွင့်အရေး”ဆိုပြီး မက်လုံးနှစ်ခု ပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီအခွင့်အရေးအတွက်လည်း သင့်တော်ရာရာ မေးခွန်းလေးတွေ ပြင်ဆင်လာခဲ့ပြီး မေးမြန်းခဲ့တာကို တွေ့ရပါတယ်။

ခက်တာက ဘဝသေ မင်းတရားခံကြီးက အိမ်စာ မလုပ်ထားခဲ့ပေဘူးကိုး။ ဒီလိုအခွင့်အရေးအတွက် ဘယ်လိုအကြောင်းအရာတွေကို အချက်အလက် အပြည့်အစုံနဲ့ ဖြေရှင်းတင်ပြသွားမယ်လို့ ပြင်ဆင်ထားတာမျိုး မရှိတာကို သူ့အဖြေတွေက သက်သေခံနေပါတယ်။ သူ လုပ်ခဲ့တဲ့ အိမ်စာကတော့ သူ့ကို ဓာတ်ပုံရိုက်တဲ့အခါ ဘဝတသက်တာလုံး ဆောင်းခဲ့တဲ့ စစ်ဦးထုတ်ဒဏ်ကြောင့် ပိပြားပါးလျနေတဲ့ ဆံပင်နဲ့ခေါင်းပိုင်းကို မမြင်သာအောင် ကင်မရာကို သူ့ရဲ့ ဘယ်ဘက်အခြမ်းကနေ ရိုက်ပါဆိုတာမျိုး ဖြစ်နေလေရဲ့။

နိုင်ငံ့ဦးသျှောင် ဘဝရှင် မင်းတြားကြီးဆိုတာမျိုး အမြင်ခံရဖို့၊ အသိအမှတ်ပြုခံရဖို့ ဘယ်လိုပြုမူ ပြောဆိုသင့်တယ်ဆိုတာလေးလောက်ကိုတောင် လေ့လာထားတာ မရှိဘဲ ကမ္ဘာကျော်မဂ္ဂဇင်းကြီးက ငါ့ကို ကြည်ညိုလွန်းလို့ လာမေးတာပဲလို့ထင်တလုံးနဲ့ ဝါဒဖြန့်အပြောတွေ ပြောလွှတ်လိုက်မယ်ဆိုပြီး ကလိမ်ကကျစ် တွေးခဲ့ လုပ်ခဲ့တာ သိပ်ကို ထင်ရှားနေတာပါ။ဒါနဲ့များတောင်အဆုံးသတ်နားမှာ စာတွေဖတ်ခဲ့ဖြစ်အောင် မိဘကလည်း ပျိုးထောင်ပေးခဲ့သလို သူကိုယ်တိုင်ကလည်း ဖတ်တယ်ဆိုပဲ။ပြောရဲလိုက်တာ၊ ပေါရဲလိုက်တာလို့ အံ့ချီးမကုန်ရမယ့် အပေါက်ပါလား။

တကယ့်ကို ပေါက်ကရ ဖြေသွားလိုက်တာများ အချက်အလက်ကိုလည်း အခြေမခံ၊ ယုတ္တိဗေဒကိုလည်း မထည့်တွက်၊ မေးလာနိုင်တဲ့ မေးခွန်းတွေအတွက် ဘယ်လို တုံ့ပြန်မယ်ဆိုတဲ့ ခုခံရေးလိုင်းကြောင်းကိုလည်းမစဉ်းစားထား၊ အခေါ်အဝေါ် အသုံးအနှုန်းကအစ ဘယ်မူဝါဒပေါ်မှာမှ အခြေမတည်ဘဲ ပါးစပ်က ထွက်ချင်ရာထွက် ပြောချ၊ ဒေါ်အောင်ဆန်းစုကြည်၊ အမေရိက၊ တရုတ်တို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက မေးခွန်းထဲ ပါလာမှာကို တွက်ဆနိုင်ရက်နဲ့ သူကိုယ်တိုင်ကရော သူ့မင်းဆရာ/မင်းတပည့်/မင်းဖော်လံဖားတွေကလည်း ပြင်ဆင်မထားဘဲ စိတ်ယုတ်မာအခံအတိုင်း သူများကို အပြစ်ပြော၊ လှီးလွှဲဖြေဆိုတဲ့ထုံးကိုသာ ကျင့်သုံးနဲ့ တကယ့်ကို ဝရုန်းသုံးကား ဖြစ်ခဲ့တာ မိနစ်သုံးဆယ်ဝန်းကျင်မို့သာ တော်တော့တယ်ဆိုရပါမယ်။

အင်တာဗျူးသူနေရာက နေကြည့်ရင် ဘာအချက်အလက်မှ မရလိုက်ဘဲ အသားလွတ် ဝါဒဖြန့် ကိုယ်ရည်သွေး ပေါက်ပန်းလေးဆယ် ပြောသွားတာတွေကိုမရယ်မိအောင်၊ ခေါင်းခါစိတ်ပျက်ဟန် မပြမိအောင် ကြိတ်မှိတ်နေခဲ့နိုင်ဖို့ မလွယ်ဘူးဆိုတာပါပဲ။ ဒီတော့ အခွင့်အရေးတွေ ပေးဖို့ လာခဲ့သလောက် ဒင်းက အဆင်ပြေအောင် မကြိုးစားဘဲ စစ်အာဏာရှင်ပီပီသသကြီး ကျနော်မျိုး ညံ့တာ တွေ့ပလား၊ မြန်မာနိုင်ငံကြီး မတိုးတက်ဘဲ မငြိမ်းချမ်းဘဲ ပျက်စီးသွားတာ ကျနော်မျိုးကြီးသာ တရားခံဆိုတာ ယုံပလားလို့ သတင်းစကား အပါးခံရသလို ဖြစ်တော့သကိုး။

ဒီတော့လည်း အင်တာဗျူးသားသက်သက်ကို ဒီအတိုင်း ဖော်ပြရအောင် ကမ္ဘာကျော်မဂ္ဂဇင်းကြီးက သူ့သိက္ခာလည်း ငဲ့ရဦးမှာလေ။ ဘဝသေနေပြီးနှင့်တဲ့ မင်းတြားရူး/မင်းတရားခံကြီးကသာ သိက္ခာဆိုတာ မရှိလို့ မငဲ့မကွက် မထောက်မရှုဘဲ ထင်တိုင်းကြဲ ဖြေရဲခဲ့တာကိုး။ အဲဒီလိုနဲ့ အင်မတန် ပြည့်စုံသေသပ်လှပတဲ့ သတင်းဆောင်းပါးတစ်စောင် ဖြစ်အောင် အားထုတ်တင်ဆက်ခဲ့ရပုံပါ။

ငါ ဘာလုပ်လုပ် အချိန်တန်တော့လည်း သမ္မတ/မင်းတြားကြီးဆိုတဲ့ အရှိန်အဝါကြောင့် ငါ့ကို လာခစားကြတာပဲ၊ ကမ္ဘာကို လူလုံးထွက်ပြခွင့်အတွက် အဗျူးခံလိုက်ပါ့မယ်လို့ ကလိမ်ကကျစ်ကျပြီး တွေးခဲ့ ပြုမူခဲ့တာက မြန်မာနိုင်ငံကို ဖျက်ဆီးခဲ့ ဖျက်ဆီးနေဆဲ ဒင်းတရားခံကြီးသာ ဖြစ်တာပါ။ ဒါကြောင့်လည်း သူ့ကြောင့် ဘဝဘဝတွေ သေကြေပျက်စီးရသလို သူကိုယ်တိုင်လည်း အသက်သာ မသေ အရှက်သိက္ခာအပါအဝင် လူရာဝင်မှုမှာ အခါခါ သေနေရတဲ့ ဘဝသေ မင်းတရားခံကြီးအဖြစ် ကမ္ဘာကျော်မဂ္ဂဇင်းကြီးမှာ မှတ်တမ်းတင်ခံလိုက်ရပေတာပဲ။ ကောင်းလှောင့်တည်း။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook