Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တော်လှန်တိုက်ပွဲဝင်သွားမည်ဟု တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ အသိ​ပေး

စစ်ကောင်စီ၏ ကျူးလွန်မှုများသည် လူမဆန်သော အကြမ်းဖက်မှုများ ဖြစ်သည့်အပြင် နိုင်ငံတကာ ဥပဒေ ကျင့်ဝတ်များကိုပါ ချိုးဖောက်ပြီး ပြည်သူလူထုတစ်ရပ်လုံးအတွက် ထိတ်လန့်ချောက်ချားဖွယ် ဖြစ်ရပ်များ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် အာဏာရှင်ဟူသမျှ ကျဆုံးသည်အထိ စုပေါင်းအားဖြင့် ၀ိုင်းဝန်းတွန်းလှန်ပြီး ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် အခြားတိုင်းရင်းသားလူမျိုးများနှင့်အတူ တော်လှန်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ(TPCC)က ယနေ့ အသိ​ပေးထုတ်ပြန်သည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာတွင် စစ်ကောင်စီတပ်က ကလေးနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူ ၃၅ဦးကို အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ သည့်ကျူးလွန်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ရာ၌ ယင်းကော်မတီက အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့သည်။

စစ်ကောင်စီ၏ ကျူးလွန်မှုများသည် လူမဆန်သော အကြမ်းဖက်မှုများ ဖြစ်သည့်အပြင် နိုင်ငံတကာ ဥပဒေ ကျင့်ဝတ်များကိုပါ ချိုးဖောက်ပြီး ပြည်သူလူထုတစ်ရပ်လုံးအတွက် ထိတ်လန့်ချောက်ချားဖွယ် ဖြစ်ရပ်များ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

ဧပြီအတွင်းက ဖွဲ့စည်းခဲ့သည့် TPCCကို တအာင်းနိုင်ငံရေးအင်အားစုများနှင့် စုဖွဲ့ထားကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့တွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။ ယင်းကော်မတီတွင် တအာင်းလက်နက်ကိုင်တပ်ဖွဲ့(TNLA) ပါဝင်ခြင်းရှိ၊မရှိ မေးမြန်းရန် TPCCနှင့် TNLA တာဝန်ရှိသူများထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။