Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်တိုက်ပွဲပြင်းထန်၊ စစ်တပ်အထိနာလို့လေကြောင်းမှဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးမှာ ဒီနေ့မနက်စောပိုင်းကစကာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲပစ်ကူ​ပေးနေတယ်လို့သတင်းရရှိပါတယ်။

(မိုးမိတ်​ဒေသမှာ PDF ​တွေကို ၂၀၂၆ နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

နိုဝင်ဘာ-၁၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးမှာ ဒီနေ့မနက်စောပိုင်းကစကာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲပစ်ကူ​ပေးနေတယ်လို့သတင်းရရှိပါတယ်။

နိုဝင်ဘာလ၁၂ရက် မနက်အစောပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၊ Y12နဲ့ ဗုံးကြဲတာလို့ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ မိုးမိတ်မြို့နယ်အတွင်း နေရာကွက်မိုးကြီးပြီးမြေနိမ့်ပိုင်းတွေရေနစ်မြုပ်နေပေမယ့် စစ်တပ်စစ်ကြောင်းတွေက စစ်ရေးလှုပ်ရှားမှုရှိနေတဲ့အတွက် တိုက်ပွဲဖြစ်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်

Public Service Announcement

Public Service Announcement

“စစ်တပ်က အရင်ရက်က ရထားတဲ့ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းပိုင်းကနေ ပြန်ဆုတ်လာရပြီးမြို့နားအထိရောက်လာတယ်။မိုးများလို့ ဒေသခံတွေအခက်မတွေ့အောင် ‌KIAနဲ့ PDF တွေက စစ်‌ ရေးလှုပ်ရှားမှုရပ်ထားတယ်။ဒါပေမယ့်စစ်တပ်ကရှေ့ကိုပြန်တိုးလာလို့တိုက်

ပွဲဖြစ်တာ။ မနက်ကတိုက်ပွဲမှာလည်း စစ်တပ်ဖက်က ပစတွေ သေတယ်”လို့ KIA နဲ့ နီးစပ်တဲ့စစ်​ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒါ​ပေမယ့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုအ​ခြေအ​​​နေကိုအသေးစိတ်မသိရသေးပါဘူး။

မိုးမိတ်မြို့နဲ့ မြစ်ဆုံကြားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ အောက်တိုဘာလကုန်နဲ့နိုဝင်ဘာလဆန်းမှာလည်း စစ်တပ်အထိနာပြီး လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူတအာင်းတပ်(TNLA)နဲ့ မဟာမိတ်​တွေကသိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင်ွ စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာလမှာ TNLAက ပြန်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်ကောင်စီစစ်ကြောင်းတွေဝင်လာတာပါ။ အဲ့ဒီစစ်ကြောင်းတွေကို PDF ​တွေနဲ့မဟာမိတ်တပ်တွေကမကြာခဏ တိုက်ခိုက်နေပြီး မိုးမိတ်-မဘိမ်းလမ်းပိုင်းအပြင် မိုးမိတ်-သပိတ်ကျင်းလမ်းမှာပါ စစ် ရေးတင်းမာခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် မိုးမိတ် -မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ KIAပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းထဲမှာပါဝင်တဲ့ မိုးကုတ်မြို့၊ သပိတ်ကျင်းမြို့ တွေဟာ နယ်မြေချင်းဆက်စပ်နေပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာစစ်တပ်ရဲ့လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကို ဒေသခံတွေ သတိပြုကြဖို့တော်လှန်ရေးတပ်တွေက သတိပေးပါတယ်။

ဆက်စပ်သတင်းများ

Facebook