Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ်က အရာရှိအပါအဝင် ခုနစ်ဦး အရှင်ဖမ်းမိ

ကရင်သတင်းဌာန KICက လေးကေ့ကော် တိုက်ပွဲ၌ တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးအား လက်နက်ခဲယမ်းမျးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ဖော်ပြခဲ့ရာ ယင်းအပေါ် အတည်ပြုဖြေကြားသည်။

ဓာတ်ပုံ - KIC

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က အတည်ပြုသည်။

ဓာတ်ပုံ – KIC

ကရင်သတင်းဌာန KICက လေးကေ့ကော် တိုက်ပွဲ၌ တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးအား လက်နက်ခဲယမ်းမျးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ဖော်ပြခဲ့ရာ ယင်းအပေါ် အတည်ပြုဖြေကြားသည်။

“ ခုနစ်ယောက် ဖမ်းမိတာတော့သေချာတယ်။ တပ်ခွဲမှူး ပါနိုင်တယ်”ဟု KNU အဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများလည်းရှိကြောင်း ၎င်းက ဆိုသည်။ သို့သော် အသေးစိတ်အခြေအနေကို လတ်တလေ ဖြေကြားနိုင်ခြင်းမရှိသေးဟု ပြောသည်။

ဓာတ်ပုံ – KIC

KICက သတင်းဖော်ပြရတွင် ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့ပြီး အိမ်စီးကား အသုံးပြုပြီး နေရာရွှေ့ပြောင်းလာစဉ် ရသေ့ဂူရွာ ဝန်းကျင်၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – KIC

လေးကေ့ကော် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလလယ်ကလည်း စစ်ကောင်စီတပ်မှ ခြောက်ဦး၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့မှ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ရ ၎င်းတို့ကို ကောင်းမွန်စွာ လက်ခံထားသည်ဟု KNU က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook