Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ်က အရာရှိအပါအဝင် ခုနစ်ဦး အရှင်ဖမ်းမိ

ကရင်သတင်းဌာန KICက လေးကေ့ကော် တိုက်ပွဲ၌ တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးအား လက်နက်ခဲယမ်းမျးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ဖော်ပြခဲ့ရာ ယင်းအပေါ် အတည်ပြုဖြေကြားသည်။

ဓာတ်ပုံ - KIC

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က အတည်ပြုသည်။

ဓာတ်ပုံ – KIC

ကရင်သတင်းဌာန KICက လေးကေ့ကော် တိုက်ပွဲ၌ တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးအား လက်နက်ခဲယမ်းမျးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ဖော်ပြခဲ့ရာ ယင်းအပေါ် အတည်ပြုဖြေကြားသည်။

“ ခုနစ်ယောက် ဖမ်းမိတာတော့သေချာတယ်။ တပ်ခွဲမှူး ပါနိုင်တယ်”ဟု KNU အဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများလည်းရှိကြောင်း ၎င်းက ဆိုသည်။ သို့သော် အသေးစိတ်အခြေအနေကို လတ်တလေ ဖြေကြားနိုင်ခြင်းမရှိသေးဟု ပြောသည်။

ဓာတ်ပုံ – KIC

KICက သတင်းဖော်ပြရတွင် ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့ပြီး အိမ်စီးကား အသုံးပြုပြီး နေရာရွှေ့ပြောင်းလာစဉ် ရသေ့ဂူရွာ ဝန်းကျင်၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – KIC

လေးကေ့ကော် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလလယ်ကလည်း စစ်ကောင်စီတပ်မှ ခြောက်ဦး၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့မှ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ရ ၎င်းတို့ကို ကောင်းမွန်စွာ လက်ခံထားသည်ဟု KNU က ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။